Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကင်းစင်ရေး သံဃာတော်များ လွိုင်ကော်မြို့တွင်းလှည့်လည် ပရိတ်ရွတ်
နော်နိုရင်း
·
September 28, 2020
120196946_10220998054674451_4107853742323191393_o
120202466_10220998051994384_589648799201290837_o
120174248_10220998054394444_2628561376323209348_o
120137591_10220998054354443_744016704761959821_o
120123516_10220998055114462_772558715308334234_o
120086730_10220998054794454_30145499305783343_o
ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကင်းစင်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး သံဃာတော် ၁၈ ပါးက လွိုင်ကော်မြို့မှာ ဒီကနေ့ မွန်းလွဲပိုင်းက  ပရိတ်တရားတော်လှည့် လည်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ လွိုင်ကော်မြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကနေစတင်ပြီး မြို့ကို တပတ်ပတ်ကာ ပရိတ်တရားတော် လှည့်လည်ရွတ်ဖတ်တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ပြည်နယ်သံဃနာယကဥက္ကဋ္ဌ အပါအဝင် သံဃာတော် ၁၈ ပါးက ကားတွေနဲ့ လှည့်ပတ်ပရိတ်ရွတ်ဖတ်ခဲ့တာလို့ ပြည်နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တပညာစက္က က မိန့်ပါတယ်။ “အခု ရွတ်ဖတ်သရဇ္ဈာယ်တာကတော့  ကမ္ဘာမှာကျရောက်နေတဲ့ ကိုဗစ်-၁၉ လို့တော့ ခေါ်တာ ပေါ့လေ။ ဒီရောဂါ လွင့်ပျောက်ဖို့အတွက် ရွတ်ဖတ်သရဇ္ဈာယ်ပေးတယ်။ ဘုန်းကြီးရယ်၊ ပြည်နယ် သံဃမဟာနာယကအတွင်းရေးမှူးရယ်၊ မြို့နယ်သံဃနာယက ဆရာတော်တွေပေါ့။ ဦးဆောင်တဲ့ ဆရာတော် ၁၈ ပါးရွတ်ဖတ်သရဇ္ဈာယ်ပေးတာပါပဲ။” တကမ္ဘာလုံးမှာ အန္တရာယ်ကင်းအောင် ပရိတွေ ရွတ်ဖတ်သရဇ္ဈာယ် ခဲ့တာလို့လည်း ပြည်နယ်သံဃနာယကဥက္ကဋ္ဌ  ဘဒ္ဒန္တပညာစက္ကက မိန့်ပါတယ်။ “ပရိတ်ဆိုတာ ဘာပြောတာတုန်းဆိုတော့ ပရိတ်ဆိုတာ အန္တရာယ်ကင်းတယ်၊ ရောဂါကင်း တယ်။ ဘေးအန္တရာယ်ကင်းတယ်၊ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာတယ်။ မကောင်းတာတွေ ပျောက်၊ ကောင်းတာတွေရောက် ဒီလိုပေါ့။ ဒါကတော့ ယုံကြည်တဲ့ပုဂ္ဂိုလ်တွေအတွက်ပေါ့နော်။ ဘုန်းကြီးတို့က ဒီနေရာကနေ ရွတ်ပွားလို့ ဒီနေရာမှာပဲ ပရိတ်ရဲ့ အကျိုးအာနိသင်ရမှာလား ဆိုတာ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ရပါတယ်။ စကြဝဠာပေါင်းမြောက်မြား စွာဟာရသွားမှာပဲ။” စက်တင်ဘာ ၂၇ ရက်နေ့ကလည်း ကယားပြည်နယ်တွင်း ကိုဗစ်-၁၉ ကင်းစင်ရေး ကတ်သလစ်ဘုန်းတော်ကြီးတွေက လွိုင်ကော်မြို့တွင်းလှည့်လည် ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024