Homeသတင်းဓာတ်ပုံ
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ လူနာ ၁၀၀၀၀ ကျော်ရှိလာပြီးနောက် ရန်ကုန်မြို့မြင်ကွင်း (ဓာတ်ပုံ)
မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ လူနာ ၁၀၀၀၀ ကျော်ရှိလာပြီးနောက် ရန်ကုန်မြို့မြင်ကွင်း (ဓာတ်ပုံ)
DVB
·
September 28, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြု လူနာပေါင်း ၁၀၀၀၀ ကျော်ရှိလာပြီးနောက် ရန်ကုန်မြို့မှာ အာဏာပိုင်တွေက စည်းကမ်းတင်းကြပ်မှုတွေ ပိုမိုပြုလုပ် လာသလို ပြည်သူတွေရဲ့ သွားလာမှုတွေလည်း သိသိသာသာ လျော့နည်းကျဆင်းသွားပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၇ ရက် ည ၈နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာပေါင်း ၁၀,၇၃၄ ဦး၊ သေဆုံးသူပေါင်း ၂၂၆ ဦး ရှိပြီလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာတော့ စက်တင်ဘာ ၂၈ ရက် မနက်အထိ ကိုဗစ်အတည်ပြုလူနာ ၄၀၀၀ ကျော်ရှိနေပါပြီး မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာအများဆုံးမြို့ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းကလွဲပြီး မြို့နယ်အားလုံးက ပြည်သူတွေကို စက်တင်ဘာ ၂၁ ရက်ကစပြီး နေအိမ်တွေမှာသာနေထိုင်ကြဖို့ (Stay at Home) အမိန့်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA