သိန္နီမြို့နယ်၌ ရေကြီးမှုကြောင့် နေအိမ်နှင့်စပါးခင်းများ ပျက်စီး (ဓာတ်ပုံ)
DVB
·
September 26, 2020
စက်တင်ဘာ ၂၆ နေ့က မိုးသည်းထံရွာသွန်းမှုကြောင့် သိန္နီမြို့နယ်၊ နမ့်စလပ်ရွာမှာ ရေကြီးရေလျှံမှုဖြစ်ပြီး အိမ်ခြေ ၃၆ အိမ်ရေနစ်မြှုပ်ခဲ့ကာ အိမ် ၃ လုံး လုံးဝပျက်စီးသွားတယ်လို့ သိန်းနီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်လူက အတည်ပြုပြောကြားပါတယ်။
မိုးသည်းထန်ပြီး တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံတာဖြစ်ပြီး စပါးခင်းတွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သိန်းနီမြို့နယ်မှာ ဆယ်နှစ်အတွင်း ပထမဆုံးရေကြီးတာလို့ ဒေသခံတွေက ပြောပါတယ်။