ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီ ၂ ခုကို ဝန်းရံသူ ၆၀၀ ခန့်မဲဆွယ်လှည့်လည်
DVB
·
September 25, 2020
ကယားပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တီပါတီ (KySDP)နဲ့ ကယန်းအမျိုးသားပါတီ တို့ကို ဝန်းရံတဲ့အနေနဲ့ ဒီးမော့ဆိုမြို့နယ်မှာ ဒီကနေ့ လူအင်အား ၆၀၀ခန့်နဲ့ လှည့်လည် မဲဆွယ်စည်းရုံးနေကြပါတယ်။
ဒီးမော့ဆိုမြို့ ငွေတောင်ဆည်ကနေစတင်စုရုံးပြီး မြို့နယ်ရှိ ကျေးရွာတွေကို ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်စည်းရုံးခဲ့ကြတာပါ။
မြို့တွင်းနဲ့ရွာတွေမှာ လှည့်လည်တာတွေ ပြုလုပ်ခဲ့ကြသလိုပဲ ပါတီအောင်နိုင်ရေးအတွက် စည်းရုံးဟောပြောတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
Photo - Khu Reedu