Home
မြန်မာသတင်း
သရုပ်ဆောင်စမိုင်းလ်မိသားစုက ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်စက် ၁၀ လုံးလှူ
DVB
·
September 21, 2020
119905119_175544774067374_2286497105150355291_o
119887707_175544867400698_6751460381193111938_o
119735492_175544707400714_6711010365580457406_o
119712539_175544657400719_3986339062965210422_n
119551252_175544844067367_5332657260410116062_o
       သရုပ်ဆောင်စမိုင်းလ်မိသားစုက ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ဆေးရုံတွေမှာ လိုအပ်တဲ့ အောက်ဆီဂျင်စက် ၁၀ လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။        စမိုင်းလ်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခု လိုရေးသားပြီး ပရိသတ်တွေအတွက် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။        “အသက်ရှူရခက်ပြီး အောက်စီဂျင်လိုနေတဲ့သူတွေအတွက် အောက်စီဂျင်စက် ၁၀ လုံး လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံး သက်သာပျောက်ကင်း ကြပါစေ 🙏🏼🙏🏼🙏🏼”        ဒီလှူဒါန်းမှုကိုတော့ ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့ကတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး စက်တွေရဲ့ တန်ဖိုးက ကျပ် ၅၉ သိန်းရှိတယ်လို့ ဖော်ပြထားပါတယ်။        စမိုင်းလ်ဟာ နာမည်ကြီး သရုပ်ဆောင်မင်းသမီးကြီး ဒေါ်ခင်လေးဆွေရဲ့ မြေးတဦး ဖြစ်ပြီး မော်ဒယ်လ်တယောက်အနေနဲ့ အနုပညာလောကထဲ ရောက်ရှိလာခဲ့တာဖြစ်ကာ နောက်ပိုင်းမှာတော့ ဗီစီဒီခေတ်ဦးသရုပ်ဆောင်မှုတွေ၊ ဗီဒီယိုနဲ့ ရုပ်ရှင်ကားတွေမှာ သရုပ် ဆောင်လာခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်လွန်ကာလတွေမှာ ထင်ရှားခဲ့ပါတယ်။        ၂၀၀၃ ခုနှစ်မှာတော့ ပြည်ပကို ထွက်ခွာသွားခဲ့ပြီး အနုပညာလောက ကနေ ကာလ အတန်ကြာ ပျောက်ကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ New Me တေး အယ်လ်ဘမ်နဲ့အတူ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတယောက်အဖြစ် မိသား စုနဲ့အတူ ဖြတ်သန်းနေပြီး ဝါသနာပါရာ အနုပညာလှုပ်ရှားမှုတွေကိုပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024