မိုးကုတ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု ၂ သောင်းကျော်ကို ထောက်ပံ့ကြေးပေး
DVB
·
September 19, 2020
မိုးကုတ်မြို့က ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၂ သောင်းကျော်ကို အစိုးရက တအိမ်ထောင် ငွေကျပ် ၂ သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်က ရပ်ကွက် ၅ ခုနဲ့ကျေးရွာအုပ်စု ၂၉ စုကို ထောက်ပံ့ကြေး ပေးခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မှာတော့ လူထုဆီကို ပေးခဲ့တာဖြစ်ပါတယ်။
ကိုဗစ်ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စုတွေ ခက်ခဲနေတာဖြစ်ပြီး ငွေကြေး ကျပ်တည်းနေချိန် နိုင်ငံတော်ရဲ့ထောက်ပံ့ကြေးက သူတို့အတွက် အရမ်းအဆင်ပြေစေတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
“ခုလို ထောက်ပံ့ကြေးပေးတော့ မိသားစုစားဝတ်နေရေးနဲ့ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်တယ်။ စနစ်တကျပေးလို့လည်း ရပ်ကွက်ကို ကျေးဇူးတင်တယ်။”
မိုးကုတ်မြို့မှာ ပုံမှန်ဝင်ငွေမရှိသူများကို ထောက်ပံ့ကြေးပေးတာ အခုဆို လေးကြိမ်မြောက် ဖြစ်ပြီး လက်လုပ်လက်စားကို တစ်ကြိမ် ပေးခဲ့တယ်လို့ သိရပါတယ်။
ဟန်ထက်အောင်