Home
မြန်မာသတင်း
လက်ပံတန်းတွင် တရားမဝင်ဆင်စွယ်အစိတ်အပိုင်းများ ဖမ်းဆီးရမိ
DVB
·
September 16, 2020
119529557_2612206925707875_217694028792945832_o
119517631_2612206875707880_5570331622591564358_o
119516659_2612206789041222_1352798305712042130_o
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ကဘော်လက်ပံတည်းခိုခန်းမှာ စက်တင်ဘာ ၁၅ ရက်နေ့ညက ပျဉ်းမနားမြို့ကနေ လာရောက် တည်းခိုနေထိုင်နေတဲ့ အမျိုးသား ၁ ဦး ထံကနေ တရားမဝင် ဆင်စွယ်တွေ ဖမ်းဆီးရမိခဲ့ကြောင်း လက်ပံတန်းမြို့ သစ်တောဦးစီးဌာနက သိရပါတယ်။ မနေ့ညက ၈ နာရီခွဲလောက်မှာ လက်ပံတန်းရဲစခန်းက နယ်ထိန်းအရာရှိ ကိုရာဇာမျိုးဦးက ကျွန်းကလေးအပိုင် ကဘော်လက်ပံတည်းခိုခန်းမှာ ဆင်စွယ်လက်ဝယ်ရှိနေတဲ့ လူတစ်ယောက် တည်းခိုနေတယ်လို့သတင်းရတာကြောင့် နယ်မြေရဲစခန်းနဲ့ သစ်တောဌာန တာဝန်ရှိသူတွေက သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ လက်ပံတန်း သစ်တောဦးစီးဌာန တောအုပ်ဦးဆန်းလွင်က “ ဆင်စွယ် အခြမ်း နှစ်ခြမ်းနဲ့ ဖြတ်တောက်ထားတဲ့ ဆင်စွယ်အပိုင်းအစတွေကို ဖမ်းမိခဲ့ပါတယ်၊ ဆင်က ကျနော်တို့ သစ်တောဦးစီးဌာနအနေနဲ့ လုံးဝကာကွယ်ထားတဲ့ တိရိစ္ဆာန်ဖြစ်တယ်။ အဲ့ဒါကြောင့် ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁(က) အရ သူ့ကို အရေးယူမယ်"လို့  ပြောပါတယ်။ ကဘော်လက်ပံတည်းခိုခန်းမှာ တည်းခိုနေထိုင်နေတဲ့ ပျဉ်းမနားမြို့နယ်နေ ဦးကျော်ဝင်း အသက် ၆၄နှစ် ထံကနေ အလျား ၆ လက်မ၊ အနံ ၂ လက်မရှိ  ဆင်စွယ် တစ်ခြမ်း၊ အလျား ၃ လက်မ အနံ ၁ လက်မခန့်ရှိတဲ့ ဆင်စွယ် ၁ ခြမ်း၊ ၁ လက်မပတ်လည်ခန့်ရှိတဲ့ ဆင်စွယ်အစိတ်အပိုင်း ၃၀ခုနဲ့ သံထည်ဆက်စပ်ပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။ ဒီအမှုကို လက်ပံတန်းမြို့ သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးအောင်ဇော်မင်းက တရားလို ပြုလုပ်ကာ ဇီဝမျိုးစုံမျိုးကွဲနဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁(က) နဲ့ လက်ပံတန်းရဲစခန်းမှာ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။ သတင်း - ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024