Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ် ဆိုက်ခေါင်က ကိုဗစ်-၁၉ လူနာ ရန်ကုန်မှ ပြန်လာသူဖြစ်
DVB
·
September 16, 2020
119547533_1252998308373602_1389742433646535215_n
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်က ကိုဗစ်-၁၉ ပိုးတွေ့လူနာဟာ ရန်ကုန်မှ ပြန်လာသူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက “သူက ရန်ကုန်မြို့ သင်္ဃန်းကျွန်းကလာတာပေါ်နော် သူ့အမေအိမ်မှာပဲ ရောက်တဲ့နေ့က home quarantine ထားထားတာ။ သူနဲ့ထိတွေ့သူတော့ သူမိသားစု ၃ ယောက်ရယ် သူပြန်လာတဲ့အချိန် ကားပေါ်ကလူတွေရယ်ပေါ့”လို့ ပြောပါတယ်။ အဲဒီလူနာဟာ အသက် ၅၃ နှစ်ရှိပြီး စက်တင်ဘာ ၁ ရက်က ရန်ကုန်မြို့မှ တောင်ကြီးမြို့ သို့ ရှမ်းမလေးယာဉ်လိုင်းနဲ့ စီးနင်း လိုက်ပါလာခဲ့ကာ စက်တင်ဘာ ၂ ရက်နေ့မနက်အစော ရောက်ပြီး တောင်ကြီးမှ ဆိုင်ကယ်ကယ်ရီနဲ့  ဆိုက်ခေါင်ကိုပြန်သွားတာဖြစ်ပါတယ်။ လောလောဆယ် သူနဲ့တိုက်ရိုက်ထိတွေ့သူက ဆိုင်ကယ်ကယ်ရီသမား၊ ကားပေါ်ပါလာတဲ့သူ ၁၄ ယောက်နဲ့ လမ်းခရီးစားသောက်ဆိုင်တွေမှာထိတွေ့သူတွေကို လိုက်လံစုံစမ်းနေဆဲဖြစ်ပါတယ်။ ဆိုက်ခေါင်ကိုယ်ထူကိုယ်ထစျေးကော်မတီဝင် ခွန်ကျော်ဇေယျက “အခု ရောဂါပိုးတွေ့လူနာ တွေ့ရှိပြီဆိုတော့ ဆိုက်ခေါင်စျေးကို ယာယီပိတ်ဖို့ ဆုံးဖြတ်ထားတယ်။ အခုဆိုက်ခေါင်မှာ ပိုးတွေ့တာက ဒုတိယအကြိမ်ဖြစ်တယ် ပထမအကြိမ်တွေ့တဲ့အချိန်က ရောဂါကူးစက်မှုမပြန့်ပွားဖို့ ထိန်းနိုင်ခဲ့တယ် အခုဒုတိယအကြိမ်လည်း ထိန်းနိုင်မယ်လို့ ယုံကြည်တယ်”လို့ ပြောပါတယ်။ အဲဒီလူနာဟာ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ၊ ဆောက်လုပ်ရေး ဦးစီးဌာနဝင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တစ်ဦးတည်း နေထိုင်ခဲ့သူဖြစ်ပါတယ်။ Home quarantine ထားထားတာဖြစ်ပေမယ့် သူနဲ့အတူနေထိုင်တဲ့မိသားစုက ပွဲရုံတွေနဲ့ အပြင်သွားလာခြင်းတွေရှိတဲ့အတွက် ဒုတိယထိတွေ့သူ ၃၀ ကျော်လောက်ရှိတယ်လို့ ဒေသခံတစ်ဦး ကပြောပါတယ်။ လူနာဟာ သူနဲ့အတူ သမီးဖြစ်သူ၊ သားမက်ဖြစ်သူ နဲ့ မြေးဖြစ်သူတို့ လည်း အတူနေထိုင်နေပါတယ်။ အဲဒီအိမ်က မိသားစုဝင်တွေကိုလည်း အသွားအလာကန့်သတ်ပြီး နေထိုင်ကြဖို့ မြို့နယ်ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ညွှန်ကြားခဲ့ပြီး တို့ဖတ်နမူနာ ယူပြီးတောင်ကြီးဓာတ်ခွဲဌာနကို ပို့ထားပြီးဖြစ်ပါတယ်။ လူနာကိုတော့ တောင်ကြီး မြို့စဝ်စံထွန်းဆေးရုံကိုပို့ဆောင်ပြီး ကုသပေးမှာ ဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024