Home
မြန်မာသတင်း
ပေါင်မြို့နယ်၌  အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း၏ မဲဆွယ်ဓာတ်ပုံပိုစတာ ဖျက်ဆီးခံရ
DVB
·
September 14, 2020
119121362_1677120522455501_5701684263059757986_n
119473790_1677120505788836_4860975080668508335_n
119363189_1677120569122163_2089236762280196278_n
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကြီးကျေးရွာမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲ မဲဆွယ် ဗီနိုင်းပိုစတာ ဖျက်ဆီးခံခဲ့ရပါတယ်။  ပေါင်မြို့နယ်   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မိကွန်ချမ်းက “ဖျက်ဆီးတဲ့သူ တွေကို ဥပဒေအတိုင်းဆောင်ရွက်သွားပါမယ်၊ ဒီလိုလုပ်ရပ်သည် လူမျိုးမုန်းတီးလို့ မဟုတ်ဘူး။ အာဏာရှင်အကြွင်းအကျန်က ဒီမိုကရေစီ မှန်မှန်ကန်ကန်ဆောင်ရွက်နေတဲ့ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားတဲ့အုပ်စုက လုပ်ဆောင်တာဖြစ်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ မဲဆွယ် ပိုစတာတစ်ခု ဖျက်ရင် နောက်ထပ် ဆယ်ခု ထပ်ကပ်သွားမယ်၊  ဖျက်ဆီးမယ့်သူတွေကို  ဥပဒေအတိုင်းအရေးယူပါမယ်လို့လည်း  ဒေါ်မိကွန်ချမ်းက ဆိုပါတယ်။ ပေါင်မြို့နယ်မှာ  နိုင်ငံရေးပါတီပေါင်း ၇ ပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးလှုပ်ရှားနေတာဖြစ်ပြီ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းရဲ့ ဗီနိုင်းပိုစတာသာ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အလားတူ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်၊ နေပြည်တော် ဇေယျာသီရိမြို့နယ်နဲ့ ချင်းပြည်နယ် ဟားခါးက  အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေလည်း ဖျက်ဆီးခံထားရပါတယ်။ မဲဆွယ်ကာလမှာ ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရပါက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ထံ အသိပေးတိုင်ကြားနိုင်သလို  ရဲအရေးပိုင်တဲ့ ကိစ္စဖြစ်လို့ သက်ဆိုင်ရာ ရဲစခန်းမှာလည်း တိုင်ချက်ဖွင့်နိုင်တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- မိကွန်ချမ်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024