ပြည်သူ့ပါတီက ရှမ်းပြည်နယ် တောင်ကြီးတွင် မဲဆွယ်စည်းရုံး
DVB
·
September 12, 2020
ပြည်သူ့ပါတီက ရှမ်းပြည်နယ် တောင်ကြီးမြို့ လူသွားလာများတဲ့လမ်းပေါ်မှာ စက်တင်ဘာ ၁၂ ရက်နေ့က ပါတီလက်ကမ်းစာစောင်ဝေငှပြီး မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
တကယ်လို့ အနိုင်ရရှိခဲ့မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ၊ တောင်သူလယ်သမားတွေ မြေယာပိုင်ဆိုင်ခွင့်ရရှိဖို့ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ တောင်ကြီး မြို့ မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုက ပြောပါတယ်။
လက်ကမ်းစာစောင်ဝေငှမှု ပြုလုပ်ပြီး မဲဆွယ်စည်းရုံးမှုအပြင် ပါတီရန်ပုံငွေရရှိဖို့ ပါတီတံဆိပ်ပါ အင်္ကျီ၊ mark တွေကိုလည်း ရောင်းချမှု ပြုလုပ်ခဲ့ပါတယ်။
ပြည်သူ့ပါတီဟာ ၈၈ ကျောင်းသားမျိုးဆက်တွေ တည်ထောင်ထားတာဖြစ်တဲ့အတွက် ငွေကြေး အမြောက်အမြား သုံးပြီး မဲဆွယ်ခြင်း မပြုလုပ်နိုင်ဘူးလို့ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ကျော်စိုးမြင့်က ပြောပါတယ်။
ပြည်သူ့ပါတီအနေနဲ့ ရှမ်းပြည်နယ်မှာ ၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဝင်ရောက်မယှဉ်ပြိုင်တဲ့ မြို့နယ်တွေမှာ တိုင်းရင်းသားပါတီတွေကို ဝိုင်းရံအားပေးသွားမယ်လို့ သိရပါတယ်။
ခွန်ရာဇာ