Home
မြန်မာသတင်း
ရန်ကုန်မြို့တော်ဝန်ကို စစ်ဆေးနေသည့်သတင်း မှန်ကန်မှုမရှိဟု အန်အယ်လ်ဒီပြော
ဇေယျာချမ်းအေး
·
September 7, 2020
117980425_3444684892255645_4635570889633263240_n
ရန်ကုန်မြို့တော်ဝန်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတယ်ဆိုတဲ့ သတင်းဟာ  သတင်းအမှားသာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးနဲ့ မိသားစုဝင်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးတာတွေပြုလုပ်နေတယ်ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ သတင်းတွေ ပြန့်နှံ့နေတာပါ။ အဲဒီသတင်းတွေမှာ မြေကွက်နေရာချထားပေးတာတွေနဲ့ပတ်သက်ပြီး တိုင်ကြားတာတွေ အများအပြားရှိတဲ့အတွက် ရန်ကုန်မြို့တော်ဝန်ဟာ စစ်ဆေးတာခံနေရတယ်ဆိုပြီး ရေးသားနေ ကြတာ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က “ဒီသတင်းတွေက သတင်းအမှားလို့သိရပါတယ်” လို့ပြောပါတယ်။ အင်တာနက်စာမျက်နှာတွေမှာရေးသားနေကြတာတွေကတော့ တိုင်စာပေးပို့သူတွေက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ကို တိုင်စာတွေ ပူးတွဲပေးပို့ခဲ့တာလို့ ဆိုကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024