Home
မြန်မာသတင်း
မကွေးမြို့တွင် ကိုဗစ်ကာလ တရားမဝင်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းအား ဖမ်းဆီးအရေးယူ
DVB
·
September 4, 2020
118748887_2408485149452932_128756738553469321_n
118695347_2408485119452935_9106036068334011129_n
118616649_2408485082786272_929015364734734214_n
118600124_2408482966119817_6494982418569286142_o
118599533_2408485056119608_6589562642223211239_n
မကွေးတိုင်း၊ မကွေးမြို့၊ ဖန်ခါးမြေဂေါက်ကလပ်ဟိုတယ်မှာ စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက တရားမဝင်ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းတွေကို ဖမ်းဆီးအရေးယူထားတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ဖန်ခါးမြေ ဂေါကလပ် ဟိုတယ် တတိယထပ်က အခန်းတွေမှာ BMMB Beauty Spa အမည်နဲ့ အနှိပ်ခန်းပြုလုပ်နေတာတွေ့ရလို့ ဝင်ရောက်ရှာဖွေရာမှာ မန်နေဂျာအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၀ ဦးဖမ်းဆီးရမိပြီး အနှိပ်ခန်းပြုလုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က  ပြောပါတယ်။ "ကိုဗစ်ကာလအတွင်းမှာ လူစုလူဝေးဖြစ်ပြီး ရောဂါကူးစက် ပြန့်ပွားနိုင်တဲ့ KTV၊ အနှိပ်ခန်း၊ စင်တင်တွေကို လုံးဝဖွင့်လှစ်ခွင့်ပြုမထားတဲ့အတွက် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်တဲ့ အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာ။” အဲဒါကြောင့် မန်နေဂျာ ဝင်းဖြိုးနောင် အပါအဝင် ၁၃ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမိန့်/ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်ပြီး အနှိပ်ခန်းဖွင့်လှစ်တဲ့ အတွက် မကွေးမြို့မရဲစခန်းမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024