မြန်အောင်မြို့နယ်၌ ဧရာဝတီမြစ်ရေကြီးပြီး ကျေးရွာအချို့ ရေလွှမ်းမိုးနေ
DVB
·
August 31, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ထဲက ကျေးရွာတချို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွာ ၅ ရွာ လောက်ရှိ လူနေအိမ်တွေ ရေနစ်မြုပ်နေပါတယ်။
အခုလို ရေလွှမ်းမိုးခံနေရတဲ့ ကျေးရွာတွေကတော့ မြန်အောင်မြို့နယ်ထဲက ဧက ၁၀၀ ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ မြို့မကျွန်းကျေးရွာ၊ ပဲခူးတိုင်း မိုးညိုမြို့နယ်ထဲက ကုန်းကြီးကျေးရွာနဲ့ ဟင်္သာချောင်ကျေးရွာ တွေ ဖြစ်ကြပြီး လူနေအိမ် ၄၀၀ လောက်နဲ့ ရွာက စာသင်ကျောင်းတွေ ရေလွှမ်းမိုးခံနေရတာဖြစ်တယ်လို့ မြန်အောင်မြို့နယ် အောင်မင်္ဂလာကျေးရွာ၊ ရာအိမ်မှူး ဦးမြင့်လွင်က ပြောပါတယ်။
မြန်အောင်မြို့နယ်ထဲမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာကြောင့် မြန်အောင်မြို့၊ ရွေကျင်တိုက်နယ်ထဲက လူနေအိမ် ၂၇ လုံးနဲ့ ဘုရားသိမ် တလုံးကို ရေလွတ်ရာကို ပြောင်းရွေ့ပေးခဲ့ရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
လက်ရှိမှာတော့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေသလို မွေ အန္တရာယ်လည်း စိုးရိမ်နေရတယ်လို့ ဒေသခံ မြို့မကျွန်းကျေးရွာသား ကိုဇော်ကြီးက ပြောပါတယ်။
သြဂတ် ၃၁ ရက်နေ့ ၆ နာရီ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြန်အောင်မြို့မှာ ၆၇ ဒသမ ၅၅ ပေအထိ ရောက်ရှိနေပြီး မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ဒသမ ၅၅ ပေပိုနေပါတယ်။
သတင်း- ကိုကိုကြည်