ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ စက်တင်ဘာ ၄ ရက် ဒီနေ့ ညနေ ၃ နာရီက ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ရပ်ကွက်တချို့ ရေဝင်နေပါတယ်။
ကြာနီကန်ရပ်ကွက်နဲ့ ယွန်းတန်းရပ်ကွက်က အနိမ့်ပိုင်း နေအိမ်တွေမှာရေဝင်ရောက်တာကြောင့် ရွှေတောင်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရေဘေးသင့်တဲ့ အိမ်ထောင်စု ၆ စုကို ရေဘေးလွတ်ရာ ယွန်းတန်းရပ်ကွက်က ရွှေမျက်မှန်ဘုရားဝင်းအတွင်းကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြီးတာကြောင့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှု မရှိဘူးလို့ ကနဦးသိရပါတယ်။
(ဓာတ်ပုံ - ရွှေတောင်မီးသတ်)