ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့က အမြင်အာရုံချို့တဲ့သူ ၅၀ ကျော် ဆန္ဒမဲပေးမည်
DVB
·
August 29, 2020
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့မှာ အမြင်အာရုံချို့တဲ့သူ အယောက် ၅၀ ကျော် မဲပေးသွားမယ်လို့ မြစ်ကြီးနား မျက်မမြင်ကျောင်းတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါ အမြင်အာရုံချို့တဲ့သူတွေအတွက် မဲပေးရမယ့် မဲရုံဟာ မျက်မမြင်ကျောင်းကနေ ၁ ဖာလုံခန့်ဝေးတဲ့ အစိုးရ စာသင်ကျောင်းတွေမှာ ဖြစ်တယ်လို့လည်း မြစ်ကြီးနား မျက်မမြင်ကျောင်းက ကျောင်းအုပ်ကြီးက ပြောပါတယ်။
မဲပေးမယ့်သူ စုစုပေါင်း ၅၀ ကျော်ရှိကာ အခုရွေးကောက်ပွဲကျမှ မဲစပေးမယ့် သူတွေလည်း ပါရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို အမြင်အာရုံချို့တဲ့တွေအတွက် မဲပေးနိုင်ဖို့ မြစ်ကြီးနားမြို့က အေးမြသာယာ မူလတန်းလွန်ကျောင်းနဲ့ ဂျန်မိုင်ကောင်းကျောင်းတွေမှာ မဲရုံနှစ်ရုံ စီစဉ်ပေးထားတယ်လို့လည်း ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အရာရှိက ပြောပါတယ်။
မီးမီး