Home
မြန်မာသတင်း
ထိုင်းမှ ငါးသယ်လှေဖြင့် တရားမဝင် ဝင်ရောက်လာသူများကို ကော့သောင်းတွင် ဖမ်းမိ
DVB
·
August 28, 2020
118050464_1029127117523314_2370132234038330572_n
ထိုင်းနိုင်ငံကနေ ငါးသယ်လှေနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို သြဂုတ် ၂၆ ရက် ညနေပိုင်းက အချိန်မီ တားဆီးထိန်းသိမ်းလိုက်တယ်လို့ ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။ အဆိုပါလှေဟာ မြိတ်မြို့ကနေ ငါးတွေသယ်ဆောင်လာပြီး ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တရားမဝင်သွားရောက်ရောင်းချခဲ့ကာ ငါးဂိုဒေါင်မှာ ဆိုက်ကပ်ထားစဉ်  ထိုင်းနိုင်ငံမှာနေတဲ့ ကိုဖြိုးမောင်ဆိုသူက တရားမဝင်လိုက်ပါမယ့်သူ ၅ ဦးကို  ထည့်ပေးလိုက်တာဖြစ်ပါတယ်။ ထိုင်းရေပြင်မှ ကော့သောင်းရေပြင် မွေတော်ကျွန်းအရှေ့ဘက်သို့ လှေတစ်စီး မသင်္ကာဖွယ် မောင်းနှင်လာတာကို  ပါချန်မြစ်ကြောင်းမှာ ကင်းလှည့်နေတဲ့ ရေကြောင်းရဲတပ်ဖွဲ့ ရဲရေယာဉ် (၁၆၃)ကတွေ့ရှိပြီး  ထပ်ကြပ်မကွာလိုက်ရာမှာ အဆိုပါလှေဟာ  ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်၊ ကမ်းနီးငါးအဝယ်ဒိုင်ရှေ့သို့ ဆိုက်ကပ်စဉ် ရွှေဟင်္သာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့  ပူးပေါင်းအဖွဲ့တွေက သွားရောက် စစ်ဆေးခဲ့တာပါ။  စစ်ဆေးရာမှာ လှေသား ၁၁ ဦးနဲ့ တရားမဝင်ခိုးတင်ဆောင်လာတဲ့  ခရီးသည် ၅ ဦးကို တွေ့ရှိခဲ့တယ်လို့  ကော့သောင်းရေကြောင်း ရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး  ရဲမှူး ရဲမင်းထက်က ပြောပါတယ်။ လက်ရှိမှာ လှေသား ၁၁ ဦးနဲ့ ထိန်းသိမ်းခံရသူ ၅ ဦး ကို ၂၁ ရက် Quarantine ထားရှိမှာဖြစ်ပြီး ဒီနောက်မှာ သူတို့ကို ငါးလုပ်ငန်း ဥပဒေ၊ လဝကဥပဒေတွေနဲ့ ဆက်လက်အရေးယူသွားမယ်လို့ မြို့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024