Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ရခိုင်ကပြန်လာသူ ၁ဝ ဦးအား ညတွင်းချင်းရှာဖွေပြီး Quarantine စင်တာပို့
DVB
·
August 28, 2020
118480320_927430871074590_2685597762776461582_n
118227984_927431004407910_3047079545228260920_n
118176106_927430951074582_525278577875658026_o
118085829_927431037741240_5248160102969334945_o
117965323_927431147741229_1550425349781617596_o
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို ရခိုင်ပြည်နယ်ကနေပြန်လာပြီး Quarantine ဝင်ဖို့ တိမ်းရှောင်နေသူ ၁ဝ ဦးကို ညတွင်းချင်းလိုက်လံရှာဖွေကာ Quarantine စင်တာကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်က ပြန်လာသူတွေဟာ ပုသိမ်မြို့ပေါ် အမှတ် ၂၊ ၃၊ ၈၊ ၁၄ စတဲ့ရပ်ကွက်တွေက ဖြစ်ပြီး ဒေသခံတွေသတင်းပေးတာကြောင့် ညတွင်းချင်း လိုက်လံရှာဖွေကာ Quarantine စင်တာကို ပို့ဆောင်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ဧရာဝတီ)ရဲ့ ဒုဥက္ကဋ္ဌ ဦးဇော်ဇော်က DVB ကို ပြောပါတယ်။ "ပြည်သူတွေက တာဝန်ရှိသူတွေကို သတင်းပေးတယ်၊ တာဝန်ရှိသူတွေက အစ်ကိုတို့ကို ဆက်သွယ်တော့ လိုက်ရှာရတယ်။ ရပ်ကွက်ရုံးတွေကို သွားပြောပြီး ခေါ်ရတာ။ အားလုံးဆို ၁ဝ ယောက်ပါ။" ရခိုင်ပြည်နယ်ကနေ ပုသိမ်မြို့ကို ပြန်လာသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦးကို Quarantine မဝင်လို့ သွားရောက်ခေါ်ဆောင်ချိန်မှာ အတိုက်အခံလုပ်တဲ့ စကားမျိုးတွေ ပြောဆိုခံခဲ့ရတယ်လို့ ဆိုပါတယ်။ "ငါတို့က လူနာမဟုတ်ဘူး၊ အပေါ်က ပွိင့်မီးကို ပိတ်ပေးဖို့၊ ပြီးတော့ ဘေးအိမ်တွေကို ပြန်လာရင် တွေ့မယ်ဆိုပြီး ပြောတာမျိုးတွေ၊ တချို့ကျတော့ သူတို့က ဝင်ပြီးသား ထပ်ဝင်ဖို့မလိုဘူး ပြန်ပြောတာမျိုးတွေတော့ ရှိတယ်" လို့ ဦးဇော်ဇော်က ပြောပါတယ်။ ရခိုင်ပြည်နယ်က ပြန်လာပြီး Quarantine ဝင်ဖို့ သွားခေါ်ရတဲ့သူတွေထဲမှာ သစ်တောဝန်ထမ်း အိမ်ရာဝန်းထဲမှာ နေထိုင်သူ ၂ ဦးပါသလို ပုသိမ်တက္ကသိုလ်အနီးက မိန်းလမ်းက ဘော်ဒါဆောင်မှာ နေထိုင်သူ ၂ ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်က ပြန်လာသူ ၁၀ ဦးလုံးကို ညတွင်းချင်း ရှာဖွေပြီး ပုသိမ်တက္ကသိုလ်အတွင်းက Quarantine စင်တာ နန္ဒဆောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024