Home
မြန်မာသတင်း
မကွေးတိုင်း၌ ယခုနှစ်အတွင်း လောင်းကစားမှု ၁၅၂ မှု ဖမ်းဆီးအရေးယူ
DVB
·
August 27, 2020
118309548_2401702660131181_7076478175707531334_o
မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေကနေ သြဂုတ်အထိ လောင်းကစားမှု ၁၅၂ မှု ဖမ်းဆီးအရေးယူထားတယ်လို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က "ပြည်သူလူထု ဆင်းရဲတာဟာ မပြေလည်တဲ့အချိန်မှာ လောင်းကစားရှုံးတာတွေကြောင့်ဖြစ်လို့ လောင်းကစားမှုပပျောက်အောင် ဖမ်းဆီးအရေးယူရတာ” လို့ ဒီဗွီဘီကိုပြောပါတယ်။ ဖမ်းဆီးရမိတဲ့ အမှုတွေကတော့ ချဲ ၁၃ မှု၊ နှစ်လုံးထီ ၅၉ မှု၊ ဖဲအမှု ၅၀၊ ကြက်တိုက် ၁၄ မှု၊ ဖုန်းအံစာတုန်းဂိမ်း ၆ မှုနဲ့ ဂျင်ဝိုင်း ၁၀ မှု စုစုပေါင်း ၁၅၂ မှု ဖြစ်တယ်လို့ ဆိုပါတယ်။ "ပြည်သူလူထုအနေနဲ့ လက်ခွဲတွေသာ ဖမ်းပြီး ဒိုင်ချုပ်တွေကို မဖမ်းဘူးဆိုတဲ့ဝေဖန်တာတွေ ရှိနေပြီး အဲဒီလို ဒိုင်ချုပ်တွေကို ဖမ်းမိဖို့ လက်ခွဲတွေက မဖော်တာကြောင့် အခုချိန်ထိဒိုင်ချုပ်တွေကို ဖမ်းမမိသေးဘူး” လို့ ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။ မကွေးတိုင်းရဲတပ်ဖွဲ့အနေနဲ့ ပြည်သူလူထုရဲ့ တိုင်ကြားချက်ကို အလေးနက်ထား ဆောင်ရွက်နေပြီး လောင်းကစားမှုတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ လူမှုကွန်ရက်စာမျက်နှာ messenger ကနေ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024