Home
ရုပ်သံ
ပန်းရောင်ခြယ်သီဆိုသည့် ရင်ခုန်သံ ၇၄ ရက် ရုပ်သံစီးရီးစ်ဇာတ်ဝင်တေး-“အတိတ်နှောင်ကြိုး” (ရုပ်သံ)
DVB
·
August 25, 2020
Untitled-1
       “ရင်ဘတ်ထဲ တစုံတရာကို… ငါ ဝမ်းနည်း အဖြေမရှိပေမယ့်… ငါတယောက် တည်း စိတ်တို့လဲပြိုခဲ့… ဟို အရင်အတိတ်ဘဝ… ချည်နှောင်ခြင်းလား… ဒီရပ်ဝန်းက ရုန်းထွက်မရ”        ဒါကတော့ လတ်တလော ထုတ်လွှင့်ပြသနေတဲ့ ရင်ခုန်သံ ၇၄ ရက် ရုပ်သံစီးရီးစ်ထဲ က ဇာတ်ဝင်တေးတပုဒ်ဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။        “အတိတ်နှောင်ကြိုး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Daniel Saw က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး လူငယ်အမျိုးသမီး တေးသံရှင် ပန်းရောင်ခြယ်က သီဆိုပေးထားခဲ့တာ ဖြစ်ပါတယ်။        ရင်ခုန်သံ ၇၄ ရက် ရုပ်သံစီးရီးစ်ထဲမှာတော့ ပရိတ်သတ်အချစ်တော် လူငယ်သရုပ် ဆောင်မင်းသားတလက်ဖြစ်တဲ့ ခါရာနဲ့ မြတ်နိုးအေးတို့က ခေါင်းဆောင် ပါဝင်ထားကြ တာ ဖြစ်ပြီး အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ မေဘရဏီက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။     ဖန်စီအချစ်ဒရာမာ ရုပ်သံဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ ဒီကားထဲမှာတော့ ခါရာကို နတ်သားတပါးအနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာဖြစ်ကာ ထူးခြားတဲ့ ဝတ်စုံဒီဇိုင်းအ သွင်အပြင်တွေနဲ့ ဖန်တီးထားတာကို တွေ့ကြရမှာပါ။     MNTV နဲ့ Bonanza Productions တို့က ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီရုပ်သံစီးရီး စ်ထဲမှာ ခါရာ၊ မြတ်နိုးအေးတို့နဲ့အတူ မိုးယံဇွန်၊ ပြည့်ဝတီမောင်တို့ကလည်း ပါဝင်ထားကြ ကာ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်အိမ်တွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။        “ငါ့ဘေးနား အို ဖြူစင်စွာနင်ရောက်လာ… ငါ့နေ့များ နင်မရှိလို့မဖြစ်နိုင်တော့ပါ… ဟိုအရင်အတိတ်ဘဝ ဒီချစ်ခြင်းများ… အတူတူနီးစပ်ဖို့ ကံတရားများ… အို မင်းပြုံးတဲ့ အ ချိန်တိုင်း စက္ကန့်တွေရပ်ဆိုင်း… နတ်သက်ကြွေတဲ့ အတိုင်းနှလုံးသားမှာ… မင်းအနားမှာ နေပြီး ငါ့ဘဝကိုအပ်နှင်းချင်”        အသက် ၂၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပန်းရောင်ခြယ်ကတော့ နာမည်ကြီး တေး သံရှင် ဂရေဟမ်ရဲ့ ရင်သွေးမျိုးဆက်တယောက်ဖြစ်ပြီး ဂီတဘက်မှာရော၊ သရုပ်ဆောင် မော်ဒယ်တယောက်အနေနဲ့ပါ ထင်ရှားသူတယောက် ဖြစ်ပါတယ်။        သီချင်းတွေကို ကိုယ်တိုင်လည်းရေး၊ ကိုယ်တိုင်သီဆိုလေ့ရှိတဲ့ ပန်းရောင်ခြယ်ဟာ ဖခင်ဖြစ်တဲ့ ဂရေဟမ်နဲ့အတူတွဲထွက်ရှိခဲ့တဲ့ Wake Up Daddy! (၂၀၁၅) တေးအယ်လ် ဘမ်နဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှုတွေ ရရှိခဲ့တာဖြစ်ပြီး အခုနှစ်ထဲမှာလည်း Solo အမည်နဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။        သီချင်းတွေလည်း သီဆိုရင်း သရုပ်ဆောင်အနုပညာအလုပ်တွေပါ တွဲဖက်လုပ် ဆောင်နေတဲ့ ပန်းရောင်ခြယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတော့ လိပ်ပြာရုပ်သံစီးရီးစ် ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။        ခုတခါမှာတော့ ရင်ခုန်သံ ၇၄ ရက်ရုပ်သံစီးရီးစ်ထဲက ပန်းရောင်ခြယ်ရဲ့ သီဆိုမှုနဲ့ ဇာတ်ဝင်ခန်းတွေနဲ့အတူ ပရိသတ်တွေက ထပ်မံပြီးတော့ ရှုစားနားဆင်ကြရမှာ ဖြစ်ပါ တယ်။ “အို နိုး အဖြေရှာရင်းအဓိပ္ပါယ်မဲ့… ငါနစ်မွန်း နေခဲ့… ဝေးသွားရမယ့် အကြောင်း လည်းသိတယ်… နာကျင်စွာနဲ့ ခုံမင်နေခဲ့… မင်း တယောက်တည်း… ရင်မှာအချစ်တွေ ရယ် မပြောင်းလဲ… မိုးသားတွေရယ်… အို ရွာသွန်းပေးတိုင်း ငါလွမ်းမယ်”

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013