တဖက်နိုင်ငံက ခိုးဝင်လာသူများကို ကော့သောင်း၌ ဖမ်းမိ
DVB
·
August 22, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလ တဖက်နိုင်ငံကနေ ခိုးဝင်လာတဲ့ ၉ ဦးကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ သြဂုတ် ၂၀ ရက်ညက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
ဝင်ရောက်လာတဲ့သူတွေဟာ မလေးရှားနိုင်ငံ လန်ကာဝီမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာတဲ့သူတွေဖြစ်ပြီး သီရိမြိုင်ရပ်ကွက် ညကင်းလုံခြုံရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်တွေက သီရိမြိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်း ဘုန်းကြီးကျောင်းအနီး ဆိုင်ကယ်ဂိတ်ရှေ့ မှာ ဖမ်းဆီးမိခဲ့တာပါ။
မလေးရှားကနေ ထိုင်းနိုင်ငံကတဆင့် ကော့သောင်းမြို့ ပုလုံးတုံတုံး တံတားအနီးမှာ စက်လှေက လာပို့ခဲ့ပြီး ပြန်ထွက်ပြေးသွားတယ်လို့ ရာအိမ်မှူး ဦးနွယ်ထွန်းက ပြောပါတယ်။
လက်ရှိမှာ အဲဒီလူတွေကို ပုလုံးတုံတုံးကျေးရွာ Quarantine စခန်းမှာ ထားရှိစောင့်ကြည့်နေပြီး တရားမဝင် ဝင်ရောက်လာတဲ့အတွက် ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။
လတ်ကိုကိုဦး