Home
မြန်မာသတင်း
စစ်တွေမြို့က ကိုဗစ်-၁၉ လူနာသစ် ၂ ဦး ဆရာဝန်နှင့် ထွေအုပ်ဝန်ထမ်းဖြစ်
DVB
·
August 20, 2020
118176960_353344629021270_5717232020173297152_n
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီနေ့တွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးမှာ ဆရာဝန် ၁ ဦး နဲ့ ထွေအုပ်ဝန်ထမ်း ၁ ဦး ဖြစ်တယ်လို့ စစ်တွေမြို့ခံတွေက ပြောပါတယ်။ "တဦးက နားနဲ့ နှာခေါင်းဆရာဝန် ဖြစ်တယ်။ သူက လူနာတွေကို ဆေးကုသရာမှ ကူစက်ခံရတာဖြစ်တယ်လို့ သိရတယ်ဗျ။ နောက်တဦးကတော့ ထွေအုပ်ဝန်ထမ်း အငယ်တန်းစာရေးလို့ သိရတယ်" လို့ စစ်တွေမြို့နေ ကိုထွန်းကျော်ဦးက ပြောပါတယ်။ အသက် ၄၀ အရွယ် အမျိုးသား ပိုးတွေ လူနာအမှတ် ၃၉၅ မှာ စစ်တွေဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ နား နဲ့ နှာခေါင်းဆရာ ဝန်တဦးဖြစ်ပြီး  ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ လူနာအမှတ် ၃၇၅ အား ဆေးကုသပေးနေရာမှ ရောဂါပိုးကူစက်ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၃၉၆ ကတော့ စစ်တွေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းစာရေး ၁ ဦးဖြစ်ပြီး ဘယ်နေရာကနေ ရောဂါပိုးကူးစက်လာမှန်း မသိရဘဲ ဖျားနာပြီး စစ်တွေဆေးရုံလာပြရာမှ Hospital Quarantine ထားရှိ စစ်ဆေးရာမှ ပိုးတွေရှိခဲ့တာပါ။ လူနာသစ် ၂ ဦးနဲ့ ထိတွေခဲ့သူ မိသားစုဝင်တွေကိုလည်း Quarantine ထားရှိပြီး စစ်ဆေးမှုများပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စစ်တွေမြို့က ကိုဗစ်ရောဂါပိုးတွေ့ရှိထားသူ ၆ ဦး တို့နေထိုင်ရာ နေအိမ်၊ ရပ်ကွက်၊ လမ်းတွေကိုလည်း လော့ဒေါင်းချထားလိုက်ပြီး စစ်တွေကမ်းနားလမ်းရှိ စားသောက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ သြဂုတ် ၁၆ ရက်နေ့က CB ဘဏ်ဝန်ထမ်းအမျိုးသမီး တဦးမှာ ရောဂါပိုး စတင်တွေရှိခဲ့ပြီး ၅ ရက်အကြာမှာ နောက်ထပ် ၅ ဦး ထပ်မံတွေ့ရှိတာပါ။ ဘဏ်ဝန်ထမ်းထံက ကူစက်ခံရသူ ၃ ဦးနဲ့ မည်သည့်နေရာမှ ကူးစက်မှန်း မသိရှိရတဲ့ လူနာ ၂ ဦး ပါဝင်နေပါတယ်။ လက်ရှိမှာ ရောဂါပိုးတွေ့ရှိသူ ၆ ဦးအား စစ်တွေပြည်သူ့ဆေးရုံကြီး ကြပ်မတ်ကုသဆောင်မှာ ဆေးသုသပေးနေတယ်လို့ သိရပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024