Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း လာမည့် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာမည်
DVB
·
August 20, 2020
117707952_1730451067109964_6402641095238611621_o
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေနဲ့ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေအနီးတို့မှာ  ဆက်လက် တည်ရှိနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာပြီး အနောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းနေတယ်လို့ ဆိုပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကျဲကျဲ၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ ဒေသအလိုက်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက် လှိုင်းကြီးမှာဖြစ်ပြီး ရေပြင်/မြေပြင်လေ တစ်နာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။  ကျန်မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိမယ်၊ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေမှ ၁၂ ပေခန့်နဲ့ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွင်းမှာလည်း ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုလာနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်မြို့တို့နဲ့ အနီးတစ်ဝိုက်မှာ ဒီနေ့ညနေအထိခန့်မှန်းချက်အရ မိုးအသင့်အတင့် ထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။ မန္တလေးမြို့နှင့်အနီးတဝိုက်မှာတေ့    နေရာကွက်ကျား ထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024