Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၁၀ တန်းအောင်ချက် သုညရာခိုင်နှုန်းရှိသည့် ကျောင်းပေါင်း ၃၈ ကျောင်းရှိ
DVB
·
August 11, 2020
မကွေးတိုင်းပညာရေးမှူးရုံး
မကွေးတိုင်းအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူမရှိတဲ့  အောင်ချက်ရာခိုင်နှုန်း သုညရှိတဲ့ အထက်တန်းကျောင်းပေါင်း  ၃၈ ကျောင်းရှိတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။ မကွေးတိုင်ဒေသကြီး ပညာရေးမှူး ဦးစိုးလွင်က “တိုင်းဒေသကြီးအတွင်း မြို့နယ် ၁၆ မြို့နယ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်ဘဲ အောင်ချက် ဇီးရိုးရာခိုင်နှုန်းကျောင်းပေါင်း ၃၈ ကျောင်းရှိတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ အဲဒီလို မအောင်မြင်ရတာဟာ အဆင့်တိုးမြှင့်လိုက်တဲ့ အထက်တန်းကျောင်းနဲ့ ကျောင်းခွဲတွေမှာ အထက်တန်းပြဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့်ဖြစ်ပြီး လာမယ့် ပညာသင်နှစ်အတွင်း အ.ထ.က(ခွဲ)တွေမှာ အနည်းဆုံး အထက်တန်းပြဆရာမ ၃ ဦး ခန့်ထားနိုင်အောင် လုပ်ဆောင်သွားလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ပညာသင်နှစ်က အောင်ချက် သုညရာခိုင်နှုန်းရှိတဲ့ ကျောင်း  ၁၈ ကျောင်းသာရှိခဲ့ပြီး ၂၀၁၉-၂၀ ပညာသင်နှစ်မှာတော့ အောင်မြင်မှုမရှိတဲ့ကျောင်းပို တိုးလာတာ ဖြစ်ပါတယ်။ မကွေးတိုင်းအတွင်းက စာစစ်ဌာန ၂၀၇ ခုမှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၉၀၀၀၀ ကျော် ရှိတဲ့အနက် ၂၉၇၇၄ ဦးအောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ အဆင့် ၄ နေရာရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် ဘာသာစုံဂုဏ်ထူးရှင် ၂၂ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၄၁ ဦးအပါအဝင် ဂုဏ်ထူးရ ကျောင်းသားပေါင်း ၅၀၈၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပညာရေးမှူးရုံးကနေ သိရပါတယ်။ မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024