မော်လမြိုင် ၈ လေးလုံးကာလ ကျဆုံးခဲ့သူများအတွက် ကဗ္မည်းမော်ကွန်း တည်ဆောက်ခွင့်မရ
DVB
·
August 8, 2020
မော်လမြိုင် ၈ လေးလုံး အရေးတော်ပုံ ကာလအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူကျောင်းသားများအတွက် အထိမ်းအမှတ် ကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံ ပြုလုပ်ခွင့်ကို စည်ပင်သာယာရေးအဖွဲ့က တာဆီးခဲ့တဲ့အတွက်ကြောင့် တည်ဆောက်ခွင့် မရခဲ့ဘူးလို့ ၈လေးလုံး အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင်တွေက ပြောပါတယ်။
ကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံကို ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ နိုင်ငံရေး အင်းအားစုတွေက အရေးတော်ပုံကာလအတွင်း ရဟန်းရှင်လူကျောင်းသားများ ကျဆုံးခဲ့တဲ့ နေရာဖြစ်တဲ့ မော်လမြိုင် ကျိုက်သုတ်ဘုရားအနီးက မီးပွိုင့်နေရာမှာ တည်ဆောက်ဖို့ စီစဉ်ခဲ့တာပါ။
အခုလို ကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံ တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်မှာ မွန်ပြည်နယ် ဝန်ကြီးချုပ်က နှုတ်အမိန့်နဲ့ ခွင့်ပြုပေးထားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အခုအခါ ဒီကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံကို တည်ဆောက်မှုကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ခွင့်ပြုချက်မဲ့ အဆောက်အဦ တည်ဆောက်မှုနဲ့ လာရောက်တားဆီးခံခဲ့ရတယ်လို့ မော်လမြိုင် ၈လေးလုံး အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်ကျော်မိုးက ပြောပါတယ်။
ကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံ တည်ဆောက်ခွင့်ဟာ လမ်းနယ်နိမိတ်ထဲမှာ ဖြစ်နေလို့ အခိုင်အမာ တည်ဆောက်ခွင့် မပေးအပ်ရတာလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦးတင်ကိုကို ပြောပါတယ်။
ဒါအပြင် ကဗ္မည်းမော်ကွန်းနဲ့ ရုပ်ကြွနံရံ တည်ဆောက်ခွင့်နဲ့ ပတ်သက်ပြီး စည်ပင်သာယာရေးအဖွဲ့မှာ ခွင့်ပြုချက် တောင်းခံခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
ဒီနှစ်မှာ ကျရောက်တဲ့ ၃၂ နှစ်ပြည့် ၈ လေးလုံး အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားကို မော်လမြိုင်မြို့ရှိ တောင်ပေါက်ဘုန်ကြီးကျောင်းမှာ အကျဉ်းချုံးကျင်းပခဲ့ပါတယ်။
မော်လမြိုင် ၈ လေးလုံး အရေးတော်ပုံကာလအတွင်းမှာတော့ ရဟန်းရှင်လူကျောင်းသား ၁၀ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇော်လွင်ထွဋ်