ထီးချိုင့်မြို့အနီးတွင် ငလျင်ငယ်တခု လှုပ်ခတ်
DVB
·
August 8, 2020
ထီးချိုင့်မြို့နားမှာ အခု ညနေပိုင်းက ငလျင်ငယ်တခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၇ မိနစ်ကျော်က ကသာမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၁၈ မိုင်လောက်ဝေးတဲ့ ထီးချိုင့်မြို့ရဲ့ မြောက်လက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး လှုပ်ခဲ့တာပါ။
အနက် ၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ပြီး ရစ်ခ်တာစကေးကတော့ ၃ ဒသမ ၂ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်လို့ ဆိုပါတယ်။