ပန်းတနော်မြို့နယ်တွင် CB ဘဏ်ခွဲကို ဓားပြတိုက်မှုဖြစ်ပွား
DVB
·
August 7, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းနဲ့ အနော်ရထာလမ်းဒေါင့်ရှိ CB ဘဏ်ခွဲအတွင်းသို့ သေနတ်ကိုင်ထားသူ တစ်ဦးက ဝင်ရောက်လာပြီး ငွေကျပ်သိန်း ၁၂၀ ကျော်လောက် လုယူထွက်ပြေးသွားပါတယ်။
ဒီနေ့မနက် ၁၀ နာရီလောက်က မိုးကာအင်္ကျီအဖြူ လက်အိတ်အမဲကို ဝတ်ဆင်လာပြီး နှာခေါင်းစည်း(Mask) တပ်ဆင်လာသူ လူလတ်ပိုင်းအရွယ် လူတစ်ဦးက သေနတ် အတိုတစ်လက် ကိုင်ဆောင်လာပြီး ဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ကာ ငွေတွေ လုယူထွက်ပြေးသွားတာလို့ ကနဦး သတင်းအရသိရှိရပါတယ်။
ကျော်စိုးမိုး