Home
မြန်မာသတင်း
တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ထောင်ဒဏ် ၃ လချမှတ် 
ချမ်းမြေ့မောင်
·
August 6, 2020
YMK16766
YMK16762
YMK16759
YMK16744
YMK16720
YMK16711
YM271713
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲခံထားရတဲ့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို  ဩဂုတ် ၆ ရက် မနက်က  မရမ်းကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို ဇူလိုင် ၂ ရက် ရုံးချိန်းမှာ စတင် စွဲချက်တင်ခဲ့ပြီ မရမ်းကုန်းမြို့နယ်တရားရုံးက ဒီကနေ့ ၁၄ ကြိမ်မြောက်ရုံးထုတ်ရာမှာ အပြစ်ရှိတယ်လို့ တရားသူကြီးက ဆုံးဖြတ် အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။ ဒီအမှုကိုစွဲချက်တင်ပြီး ရက်ပေါင်း ၆၀ ကျော်အကြာမှာ ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အမိန့်မှာ ချုပ်ရက်ထုတ်နုတ်ခံစားခွင့်ပြုတဲ့အတွက် စောဒေးဗစ်လားတို့ဟာ ထောင်ထဲမှာ ရက်သတ္တပတ် ၂ ပတ်လောက်ပဲနေရတော့မှာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူစုလူဝေးနဲ့ လုပ်ရတဲ့ ပွဲလမ်းသဘင်တွေ ဘာသာရေးအခမ်းအနားတွေ မကျင်းပဖို့ အမိန့်ထုတ်ပြန်ထားတာကို မလိုက်နာပဲ  စောဒေးဗစ်  (ခ) စောဒေးဗစ်လားနဲ့  ဦးဝေထွန်းတို့  နှစ်ဦးက ဧပြီ ၇ ရက်မှာ လူစုလူဝေးနဲ့ ဝတ်ပြုခြင်း၊ ဓမ္မတေးသီဆို ဆုတောင်းတာတွေ ပြုလုပ်ခဲ့လို့ တရားစွဲခံရတာဖြစ်ပါတယ်။ Photo - Ye Myo Khant / MPA 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024