မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ
DVB
·
August 3, 2020
ဒီနေ့ မနက် ၁၁ နာရီခွဲ တိုင်းတာချက်အရ မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက တိုက်တွန်းလိုက်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဇလွန်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိ နိုင်ပါတယ်။
ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း ပေဝက်ခန့် တက်လာနိုင်ပါတယ်။
ဒါကြောင့် အဲဒီမြို့တွေရဲ့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြု တိုက်တွန်းထားပါတယ်။