ပြည်နယ်နှင့်တိုင်းအချို့တွင် သြဂုတ် ၃ ရက်မှ ၈ ရက်နေ့အတွင်း မိုးကြီးမည်
DVB
·
July 31, 2020
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်း မုန်တိုင်းငယ်ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ ဖြတ်သန်းလာမှုနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်တယ်လို့ မိုးဇလက ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ပါတယ်။
သြဂုတ် ၃ ရက်ကနေ ၈ ရက်နေ့အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း နဲ့ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
အဲဒီကာလ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇-မီလီမီတာ) နဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။