Home
မြန်မာသတင်း
ပေါင်မြို့ရှိ တောရဘုန်းကြီးကျောင်း မြေကျွံကျသဖြင့် နေအိမ်အချို့ အမြန်ပြောင်းရွှေ့ရမည်
DVB
·
July 27, 2020
113393780_3286334364750285_3187275720822089368_o
112667809_3286334791416909_8921926120419306880_o
110048548_3286333928083662_5559897823240532494_n
109781030_3286334851416903_1941003149662140727_o
109710271_3286334128083642_5972527845895635508_o
109573136_3286334444750277_5158302843875143342_o
မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်ရှိ နယ်ခြားမြိုင်တောရတစ်ပါးကျောင်းမှာ ဇူလိုင် ၂၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန်လောက် မြေကျွံကျမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီမြေကျွံကျခဲ့ တဲ့ဘုန်းတော်ကြီးကျောင်းဟာ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိ ကုလားမတောင်၏ အမြင့်ပေ ၅၀ လောက်မှာတည်ရှိပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၉ ရက်နေ့က တောင်မြေပြိုကျမှုကြောင့် ကျောင်းအောက်ခြေရှိ မြေသားတွေ အက်ကွဲထားဖူးတယ်လို့ နယ်ခြားမြိုင်တောရတစ်ပါးကျောင်းဆရာတော် ဥူးအိန္ဒာစာရက  မိန့်ပါတယ်။ “မနှစ်က ပြိုထား တဲ့လက်ကျန်အက်ကြောင်းကနေပြီး တုန်ခါမှုလေးနဲ့ပြိုကျတာပေါ့။ ဒီအနားက ကျောက်မိုင်းကလည်း ညနေပိုင်း ပုံမှန်ယမ်းခွဲနေတာရှိတယ်။ ဦးဇင်း ဒီကျောင်းမှာ သီတင်းသုံးနေထိုင်နေတာ ၁၁ နှစ်ကျော်ပါပြီ။ မနှစ်ကတည်းက ကျောင်းမြေကြီးတွေအက်ကွဲ ထားတာရှိလို့ မနေရဲတော့ဘဲ တောင်အောက်မှာတဲထိုးပြီး သီတင်းသုံးနေတာပါ။ အခုမြို့နယ်အဆင့်က လူကြီးတွေတော့လာကြည့်သွားတယ်။”  ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က “ဘုန်းကြီးကျောင်းကတော့ သာသနာ့မြေထဲကကျောင်းပါ။ အဲ့ဒီတောင်ပေါ်မှာကလည်း ကျောက်တွေက ဒေါင်လိုက်ကျောက်တွေဖြစ်နေတော့ ကျောက်ချပ်ကြားထဲကနေ မြေတွေထွက်လာတဲ့သဘောပါ။ ကျောင်းကို ဖျက်ဖို့ဆိုတာကလည်း အန္တရာယ်များပါတယ်။ တောင်အောက်ခြေ မှာကလည်း ကျောက်မိုင်းလုပ်သားမိသားစုတွေ နေထိုင်ကြတာရှိတယ်။ လူဦးရေ ၄၀ လောက်နေထိုင်တဲ့ နေအိမ်တဲ ၈ လုံးကိုလည်း ဒီနေရာကနေ အမြန်ဆုံးပြောင်းရွှေ့ပေးဖို့ အသိပေးအကြောင်းကြားသွားမယ်။” လို့ပြောပါတယ်။ တောရတစ်ပါးကျောင်းမှာ မြေထပ်မံပြိုဆင်းနိုင်တဲ့ အနေအထားရှိနေတာကြောင့် တောင်ခြေအောက်ပိုင်းကို ရှင်းလင်းမှုတွေပြုလုပ်သွားမှာဖြစ်ပြီး အနီးရှိ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းကိုလည်း လုပ်ငန်းလိုင်စင်သက်တမ်းတိုးဆောင်ရွက်ဖို့ ထောက်ခံချက်ကို ခွင့်ပြုပေးမှာမဟုတ်ဘူးလို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရပါတယ်။ သတင်း=ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024