၂၀၂၀ ရွေးကောက်ပွဲတွင် မြန်မာလူငယ်များ မဲပေးကြရန် နော်ဝေသံအမတ်ကြီး တိုက်တွန်း
DVB
·
July 21, 2020
ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ မြန်မာလူငယ်တွေ မဲပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး မစ္စက် တိုနာတေးနတ်စ်က ဒီဗွီဘီနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ တိုက်တွန်းပြောပါတယ်။
လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေချင်ပြီး တနိုင်ငံလုံးမှာ လုံခြုံစိတ်ချရတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ကိုလည်း မျှော်လင့်တယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။
"၂၀၂၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ကျမတို့ မြင်ချင်ပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ လုံခြုံစိတ်ချရတဲ့ အနေအထားဖြစ်ဖို့ကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် တခြားဒေသတွေမှာရောပေါ့။ ပထမဆုံးအကြိမ် မဲပေးမယ့် လူငယ်မဲဆန္ဒရှင်များကို မဲပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောတာပါ။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအတွက် အဓိကကျတဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့် သူတွေရဲ့ ပြိုင်ဆိုင်မှုတွေကိုလည်း စိတ်ဝင်စားမယ်လို့ ကျမတို့ တကယ့်ကို မျှော်လင့်ထားပါတယ်။ ပထမအကြိမ် လူငယ်မဲဆန္ဒရှင်တွေ မဲပေးဖို့ ဆောင်ရွက်ဖို့က အရမ်းကို အရေးကြီးပါတယ်။"
နော်ဝေသံအမတ်ကြီးဟာ မြန်မာနိုင်ငံဆိုင်ရာသံမတ်ကြီး တာဝန်ကနေ ပြီးဆုံးပြီး မကြာခင်မှာ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာဖို့ရှိနေတာဖြစ်ပါတယ်။