Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း မြို့ ၄ မြို့တွင် မြစ်ရေကြီးခြင်းသတိပေးချက်ထုတ်ပြန်
Aung Ko Latt
·
July 21, 2020
111045874_1373424446195880_6406370256377330745_n
109841942_1373424419529216_2507325370434507662_n
109571774_1373424389529219_2110354198555118461_n
109304594_1373424436195881_1716510518827693305_n
107816155_1373424469529211_2552532211783038314_n
စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီမြစ်ရေက ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှာ ကသာမြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၁ ပေခန့်ကို ရောက်ရှိနေပြီး နောက်ထပ် ၃ ရက်အတွင်း စိုးရိမ်ရေအမှတ် ၁၀၄၀ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ချင်းတွင်းမြစ်ရေဟာလည်း ခန္တီးမြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၂ ပေခွဲခန့်၊ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၁ ပေခန့်နဲ့ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေအမှတ်အောက် ၁ စင်တီမီတာခန့်မှာ ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း အဆိုပါမြို့တွေရဲ့ စိုးရိမ်ရေအမှတ်ကို အသီးသီးရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၃၂၅ စင်တီမီတာအထက်ကို ဇူလိုင်လ ၂၀ ရက်နေ့က ခဏတာကျော်လွန်ရောက်ရှိခဲ့ပြီး စိုးရိမ်ရေအမှတ်အောက် ပြန်လည်ကျဆင်းခဲ့တာပါ။  ဒီအတွက် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းရေဝင်ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မြစ်ရေကြီးခြင်းသတိပေးချက်ကို ထုတ်ပြန်ထားတာပါ။ မြစ်ရေကြီးတာနဲ့အတူ မြစ်ကမ်းဘေးတစ်လျှောက်ရှိ နေရာအချို့မှာ ကမ်းပါးပြိုကျတာတွေကိုလည်း ကြုံတွေ့နေကြရပါတယ်။ တချို့ရေဝင်ဒေသတွေမှာတော့ ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရတာတွေလည်း ရှိနေပါတယ်။ ဖောင်းပြင်မြို့မှာ ပုံမှန်နှစ်စဉ်ရေကြီးနေကျဖြစ်တဲ့အတွက် လက်ရှိအနေအထားမှာ အရမ်း  စိုးရိမ်စရာတော့ မရှိသေးဘူးလို့ ဖောင်းပြင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်လောက်ကလည်း ကသာမြို့နယ်က အနိမ့်ပိုင်းဒေသတွေမှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၂၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024