Home
မြန်မာသတင်း
ဘူးသီးတောင်မြို့မှ ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ လူနာအမှတ် ၂၆၃ ဆေးရုံမှဆင်းခွင့်ရ
DVB
·
July 21, 2020
110997439_333020331053700_715439233458818556_n
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ  ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်ခံခဲ့ရတဲ့ လူနာအမှတ် ၂၆၃ မှာ ရောဂါပိုးစစ်ဆေးချက် ၂ ကြိမ် ပိုးမတွေ့တောတဲ့အတွက် ဇူလိုင် ၂၀ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ရရှိသွားပြီလို့ ခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။ အဆိုပါလူနာဟာ ဘူးသီးတောင်က အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတဦးဖြစ်ပြီး မောင်တောဆေးရုံမှ ဆေးကုသမှု ခံယူနေတာ ဖြစ်တယ်။ မောင်တောခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “ပထမ နှစ်ကြိမ်စစ်တာ Postive ဖြစ်တယ် တတိယအကြိမ်မှ Negative ပြတယ်။ စတုတ္ထ အကြိမ်မှာ positive ပြန်ပြတယ်။ ဇူလိုင် ၁၅ ရက်နေ့ စစ်ဆေးချက် Negative ပြပြီး ဇူလိုင် ၁၇ စစ်ဆေးချက် Negative ဆက်တိုက် နှစ်ကြိမ်ဖြစ်တဲ့အတွက် မနေ့က ဇူလိုင် ၂၀ မှာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တယ်။ ဘူးသီးတောင်ကျန်းမာရေးအဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်” လို့ ပြောပါတယ်။ လူနာအမှတ် ၂၆၃ ဟာ ဘူးသီးတောင်မြို့နယ် ကျီးနုတ်သီးကျေးရွာမှ အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆေးကုသမှုခံယူပြီးပြန်လာရာမှ ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာပါ။  သူ့ရဲ့ဖခင် လူနာအမှတ် ၂၆၂ ထံကနေ ရောဂါ ကူးစက်ခံရတာဖြစ်တဲ့အတွက် ပြည်တွင်းကူစက်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက  "သူမကို ကျီးနုတ်သီးက သူမနေအိမ်မှာဘဲ့ Quarantine ထားရှိပြီး စောင့်ကြည့်သွားမှာပါ။ ကျီးနုတ်သီးကျေးရွာက သူမနဲ့ထိတွေ့သူတွေအားလုံးရဲ့ စစ်ဆေးချက်ကလည်း Negative ဖြစ်တဲ့အတွက် ကျေးရွာကိုလည်း အသွားအလာ ကန့်သတ်ထားတာ ဖြေလျှော့လိုက်ပါပြီ။"လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ သံတွဲမှာ  ၁ ဦး ၊ တောင်ကုတ်မှာ ၁ ဦး၊ စစ်တွေမှာ ၁ ဦး ၊ ဘူးသီးတောင်မှာ ၄ ဦး၊ မောင်တောမှာ ၇ ဦးနဲ့ ကျောက်တော်မှာ  ၁ စုစုပေါင်း ၁၅ ဦးရှိခဲ့ရာ ၁၁ ဦး ရောဂါပျောက်ကင်း ဆေးရုံမှဆင်းခွင့်ရရှိသွားကြပြီး ၄ ဦး ကျန်ရှိနေပါသေးတယ်။ သတင်း- လင်းလက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013