Homeမြန်မာသတင်း
မဲဆွယ်ကာလ ကိုဗစ်-၁၉ ညွှန်ကြားချက်လိုက်နာရန် ဧရာဝတီတိုင်း ရွေး/ကော်အဖွဲ့ခွဲဥက္ကဋ္ဌပြော
မဲဆွယ်ကာလ ကိုဗစ်-၁၉ ညွှန်ကြားချက်လိုက်နာရန် ဧရာဝတီတိုင်း ရွေး/ကော်အဖွဲ့ခွဲဥက္ကဋ္ဌပြော
DVB
·
July 18, 2020
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလမှာ ပါတီတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
ဇူလှိုင် ၁၅ ရက်နေ့က တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
“အစိုးရက ထုတ်ပြန်တာတွေ ရှိတယ်၊ လူစုလူဝေးနဲ့မလုပ်ရတဲ့ ကိစ္စလေ။ မဲဆွယ်စည်းရုံးတဲ့ အခါကျရင် ခက်မယ်ဆိုတဲ့အကြောင်းကိုပြောတာပေါ့။ နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ညွှန်ကြားချက်ဖြစ်တဲ့အတွက် ကော်မရှင်က သွားပြင်လို့မရဘူး၊ နိုင်ငံတော်အစိုးရ ညွှန်ကြားချက်ဖြစ်တဲ့ အကုန်လိုက်နာရတယ်။”
တွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေက ကြိုတင်မဲကိစ္စတွေ၊ ရွေးကောက်ပွဲကာလ စည်းရုံးရေးလုပ်ဆောင်ရမယ့် အခြေအနေ၊ ရွှေ့ပြောင်းလုပ်သားတွေ မဲပေးနိုင်ရေး စတာတွေ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။