Home
မြန်မာသတင်း
အာဇာနည်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီးများကို သတိရစေလို
DVB
·
July 17, 2020
106569843_1991434070990799_8515755037500441302_o
နေမဝင်အင်ပါယာကြီးကို အန်တုခဲ့တဲ့ အမျိုးသားခေါင််းဆောင်ကြီးတွေကို အာဇာနည်နေ့မှာ သတိရစေဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမူကွန်ရက်ကနေ တိုက်တွန်းလိုက်ပါတယ်။  “ဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ် ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့အတွေးဟာ လူသားတွေရဲ့ စွမ်းအားကြီးပါပဲ။ အာဇာနည်နေ့မှာဆိုရင် နေမဝင်အင်ပါယာကြီးကို အန်တုခဲ့တဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို သတိရကြပါတယ်။ သတိရတာနဲ့အတူ ခေါင်းဆောင်ကြီးတွေရဲ့ စိတ်စွမ်း၊ ဉာဏ်စွမ်းတွေကိုကြည့်ပြီး ငါတို့လည်း ဒီလိုစွမ်းအားတွေရှိနိုင်တာပဲဆိုတဲ့ ယုံကြည်မှုတွေဖြစ်လာပါတယ်။ အာဇာနည်နေ့ကာလမှာ ကျန်းမာ ချမ်းသာစွာနဲ့ အခက်အခဲများကိုကျော်လွှားနိုင်ပါစေ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။ လာမယ့် ဇူလိုင် ၁၉ ရက်နေ့ ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာကျင်းပမယ့် ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုလည်း တက်ရောက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အခုနှစ် အာဇာနည်နေ့ အခမ်းအနားကိုတော့ ခါတိုင်းနှစ်တွေလိုမဟုတ်ဘဲ ကျန်းမာရေးစည်းမျဉ်းတွေနဲ့ကိုက်ညီအောင် ကျင်းပမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ အကန့်အသတ်တွေနဲ့ညီအောင် ကျင်းပရတဲ့ ပထမဆုံး နိုင်ငံတော် အခမ်းအနားဖြစ် တယ်လို့လည်း ဆိုပါတယ်။ ဓာတ်ပုံ- State Counsellor

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013