Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ကျန်းမာရေးကောင်းမွန်၍ စစ်တွေဆေးရုံမှ ဆင်းခွင့်ပြု
DVB
·
July 13, 2020
109130877_327942934894773_2893778528870540526_n
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ လူနာအမှတ် ၂၉၂ ရဲ့ ကျန်းမာရေး ကောင်းမွန်လာတဲ့အတွက် ဇူလိုင် ၁၃ ရက်ယနေ့ မနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်တယ်လို့ စစ်တွေမြို့ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။ " ဒီလူနာကတော့ Negative ၂ ခါပြပြီး တစ်ပတ်အကြာ စောင့်ကြည့်ပြီးတော့မှ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာဖြစ်တယ်။ စစ်တွေဆေးရုံမှာ positive လူနာက ဒီတစ်ဦးတည်း ဆိုတော့ နောက်ထပ် လူနာမရှိတောပါဘူး။" လူနာအမှတ် ၂၉၂ နဲ့ ထိတွေခဲ့သူအားလုံးကို ၂ ကြိမ် စစ်ဆေးရာမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ ဒေါက်တာဇော်လွင်က ပြောပါတယ်။ "သူနဲ့ထိတွေ့ခဲ့သူ ၁၀၀ ရာခိုင်နှုန်းလောက်ကို စစ်ဆေးရာမှာလည်း အားလုံးက Negative ဖြစ်ပါတယ်။" ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာအမှတ် ၂၉၂ ဟာ ဘင်္ဂလားဒေ့ရှိနိုင်ငံကို ကုန်သွယ်မှုကိစ္စသွားရောက်ခဲ့ပြီး ဇွန်လ ၁၅ ရက်နေ့က စစ်တွေမြို့ကို ပြန်ရောက်ရှိလာပြီး နေထိုင်မကောင်းတဲ့အတွက် မိသားစုထံမသွားဘဲ့ ကျန်းမာရေးဌာနကို အကြောင်းကြားပြီး ဇွန်လ ၂၁ ရက်နေ့မှာ Hotel Quarnatine နေထိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၄ ဦးရှိတဲ့အနက် ၈ ဦးမှာ ဆေးရုံက ဆင်းခွင့်ရပြီလို့ ပြည်နယ်ကျန်းမာရေးဌာနက သိရပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024