Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲ ခိုးဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
July 10, 2020
106986238_322603335438630_7366416353001262408_n
ထိုင်းနိုင်ငံကို တရားမဝင်ခိုးဝင်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၁ ဦးကို ဇူလိုင် ၉ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်။ ဖြစ်စဉ်မှာ တာခ်ရိုင်၊ မဲ့လမတ်မြို့ ခနဲကြုရပ်ကွက်မှာ မသင်္ကာကားတစ်စီးကို စစ်ဆေးရာ ၄ မိုင်ခန့်အဝေး လမ်းအဆုံးမှာ ရပ်တန့်ပြီး ယာဉ်မောင်းထွက်ပြေးသွားတဲ့အဝွက် ကားပေါ်မှ လိုက်ပါသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦး (ကျား ၄ ဦး၊ မ ၇ ဦး) ကို တွေ့ရှိပြီး ပြည်ဝင်ခွင့်စာရွက် စစ်ဆေးရာမှာ  အထောက်ထား မပြနိုင်တဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ လဝက နယ်စပ်ရဲနဲ့ ဌာနဆိုင်ရာတို့က ပူးပေါင်းဖမ်းဆီးလိုက်တာပါ။ ခိုးဝင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၁ ဦးကိုလည်း တရားဥပဒေအတိုင်း ထိန်းသိမ်းထားမှာဖြစ်သလို မော်တော်ကားကို အစိုးရပိုင်အဖြစ် သိမ်းဆည်းပြီး ထွက်ပြေးသွားတဲ့ ယာဉ်မောင်း နိုင်းပိယကိုလည်း ရှာဖွေဖမ်းဆီးသွားမယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉  ဗိုင်းရပ်စ်ရောဂါ ကူးစက်ကာလမှာ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို နိုင်ငံခြားသား ဝင်ခွင့် ၃ လကျော်ပိတ်ထားတာကြောင့် မြန်မာရွှေ့ပြောင်းသူအလုပ်သမားတွေ ထိုင်းနိုင်ငံကို နည်းပေါင်းမျိုးစုံနဲ့ ဝင်ရောက်နေကြတာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက နိုင်ငံခြားသားများ ပြည်ဝင်ခွင့်ကို ထိရောက်စွာ အရေးယူတာတွေ ပြုလုပ်နေပါတယ်။ ဇူလိုင် ၆ ရက်နေ့မှာ ထိုင်းနိုင်ငံတာခ်ရိုင် အုပ်ချုပ်ရေးမှူးက နယ်စပ်ဂိတ် ၃၃ ခုကို ကုန်စည်တင်သွင်းတင်ပို့မှု ခွင့်ပြုပေမဲ့ မြန်မာအစိုးရဘက်က ခွင့်ပြုချက်  မရရှိသေးတဲ့အတွက် မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ဂိတ်တွေကနေ ကုန်စည်တင်ပို့ တင်သွင်းခွင့်မပြုသေးတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024