Home
မြန်မာသတင်း
ဆီဆိုင်တွင် တောင်သူများ စိုက်ထားသည့် ပြောင်းပင်ဧက ၂၀ ကျော် ဖျက်ဆီးခံရ
DVB
·
July 7, 2020
107340766_1196008970739203_5583278086362330981_n
106988906_296950358351510_3086820737842733474_n
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ နယ် ခမရ၊ ၄၂၄ တပ်အနောက်ဘက် တပ်သိမ်းမြေ ဧက ၁၉၀၀ အတွင်း တောင်သူတွေ စိုက်ပျိုးထားတဲ့ပြောင်းပင် ဧက ၂၀ ကျော် ဇူလိုင်လ ၅ ရက်မနက်အစောပိုင်းက ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ပြောင်းပင်ဖျက်ဆီးခံရတဲ့ တောင်သူ ခွန်ဗုတ်ဒီးက “ရွာသားတွေ လေးငါးယောက်လောက်မြင်တယ်။ အရပ်သားပုံစံနဲ့ အရာခံဗိုလ် တဦးကို ရွာသားတွေသိတယ်၊ နာမည်လည်းသိတယ်။ ဘာလို့ဆိုငယ်ငယ်ကတည်းက ရွာသားနဲ့နေဖူးတယ်၊ ရွားသား တွေဓာတ်ပုံမှတ်တမ်းမရိုက်ရဲပါဘူး၊ သူတို့ကိုကြောက်လို့” လို့ ပြောပါတယ်။ အဲဒီ ခမရ ၄၂၄ အနောက်ဘက်က တောင်သူစိုက်ပျိုးထားတဲ့ ခြံတွေဟာ မြေအငြင်းပွားမှု မဖြစ်ခင်ကပင် စိုက်ပျိုးထားခြင်းဖြစ်ပြီး အသီးစသီးနေပြီလို့ ပြောင်းပင်ဖျက်ဆီးခံရတဲ့ တောင်သူတဦးက ပြောပါတယ်။ “ကျနော် တို့က ထွန်တုံးတိုက်ပွဲ မလုပ်ခင်ကတည်းက စိုက်ထားတာ၊ ထွန်တုံးတိုက်ပွဲ လုပ်ပြီးတော့ သူတို့က ဝင်မလုပ်နဲ့လိုပြောတော့ ဘယ်သူမှမဝင်တော့ပါဘူး။ လမ်းလည်းသူတို့ ပိတ်ထားတယ်။ အခုကျနော်တို့ ကစားရခံနီးပြီ စိုက်ပျိုးတာလည်း အဲဒါပဲရှိတယ်။ ခုလိုဖျက်ဆီးလိုက်တော့ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရမှာပေါ့”လို့ပြောပါတယ်။ ပြောင်းပင် ဖျက်ဆီးသွားသူတွေအား စုံစမ်းစစ်ဆေးနေတယ်လို့ ဆီဆိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ “တရားခံတိတိကျကျမသိတော့ စုံစမ်း နေတုန်းပဲ။ သီးနှံတွေက ဘယ်သူပဲပြောပြော စိုက်ပြီး မှတော့ အသီးပွင့်တော့ ခံစားချင်တာပေါ့၊ ဖျက်ဆီးတာတော့ ဘယ်သူပဲဖြစ်ဖြစ် မကောင်းဘူး ပေါ့”လို့ ပြောပါတယ်။ ဆီဆိုင်မြို့နယ် တောင်ကြီး-လွိုင်ကော်လမ်းအနောက်ဘက် မြေဧက ၁၉၀၀ ဟာ စစ်တပ် မရောက်ခင်ကတည်းက တောင်သူတွေ လုပ်ကိုင်စားသောက်မှီခိုနေကြတာဖြစ်ပြီး တပ်ပိုင်မဟုတ်ဘဲ တပ်ကသိမ်းသွားတာလို့ တောင်သူတွေက ဆိုပါတယ်။ အဲဒီမြေဟာ ခမရ ၄၂၃ ၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီအဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။ ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024