Homeမြန်မာသတင်း
သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေးလုပ်ငန်းစတင်မည်ဟု NLD ကြေညာ
သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေးလုပ်ငန်းစတင်မည်ဟု NLD ကြေညာ
DVB
·
July 2, 2020
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်တော့မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
ဇူလိုင် ၂ ရက် ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူတွေနဲ့ အဖွဲ့ချုပ်ပါတီဝင်တွေကို ခုလိုအသိပေး ကြေညာ လိုက်တာလို့ ဆိုပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ဝင် တစ်ဦးဦးဟာ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ရွေးချယ်ခံမယ့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးရဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့် မဆုံးရှုံးစေဖို့ ဇူလိုင် ၁ ရက်ကစပြီး ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ နယ်မြေစည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီလိုကြေညာထားပြီးဖြစ်တာကြောင့် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒု ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့ နယ်မြေစည်းရုံးရေး၊ ပါတီ စည်းရုံးရေး လုပ်ငန်းတွေ ဒီကနေ့ စတင် လုပ်ဆောင်တော့မယ်လို့လည်း အန်အယ်လ်ဒီက ထုတ်ပြန်ချက်အရ သိရပါတယ်။