Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့မှုစတင်
DVB
·
June 30, 2020
104726963_2886841291437625_8985531238828040272_o
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲကြုံတွေ့နေတဲ့ အခြေခံလူတန်းစား တွေအတွက် အစိုးရက ဇွန်လ ၃၀ ရက်နေ့ကစပြီး ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးသွားတော့မှာ ဖြစ်ပါတယ်။  အခြေခံလူတန်းစားတွေအတွက် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ရာမှာ အိမ်ထောင်စု တစ်စုကို ငွေကျပ် ၁၅၀၀၀ နှုန်း ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့  မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးက သိရပါတယ်။ အဲလိုထောက်ပံ့မှာ ပြည်နယ်အတွင်းရှိ အခြေခံလူတန်စား အိမ်ထောင်စု ၇၃၀၀၀ ကျော်အတွက် ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်ကို ထောက်ပံ့ပေးသွားဖို့ ရှိနေတာပါ။  ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးဖို့ ဇွန်လ ၂၉ ရက်က ကျင်းပတဲ့ ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို ထောက်ပံ့ပေးမယ့် ငွေတွေ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။  ဒုတိယအကြိမ် ထောက်ပံ့ပေးမယ့် ငွေကြေးတွေကို ပြည်သူတွေဆီ အမြန်ဆုံး ရောက်အောင် လုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကိုလည်း ညွှန်ကြားထားတာပါ။  လက်ရှိမှာတော့ အခြေခံလူတန်းစားတွေကို ငွေးကြေးထောက်ပံ့ပေးဖို့ ရပ်ကွက်အလိုက် အမည်စာရင်း စိစစ်တာတွေ လုပ်ဆောင်နေပြီး၊ ဇွန်လ ၃၀ ရက်နေ့ကစပြီး ငွေကြေး ထောက်ပံ့နိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့  မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024