Home
မြန်မာသတင်း
ဧရာဝတီမြစ်အတွင်း ရှော့တိုက်ငါးဖမ်းမှုကြောင့် လင်းပိုင်သားပေါက် ၁ ကောင် သေဆုံး
DVB
·
June 29, 2020
106101843_1289753191231902_8732830254301938791_o
106278193_1289753317898556_7114733529906610224_o
82238074_1289753377898550_6383569804311523173_o
83643508_1289753467898541_7920273507005486296_o
ဧရာဝတီမြစ်အတွင်း ရှော့တိုက်ငါးဖမ်းမှုကြောင့် လင်းပိုင်သားပေါက် အမတကောင် သေဆုံးခဲ့တယ်လို့ သားငှက် ထိန်းသိမ်းရေးဌာနကနေ သိရပါတယ်။ ဇွန် ၂၇ ရက်နေ့ မနက်ပိုင်းက မန္တလေးတိုင်း၊   ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုံးကျေးရွာနေအနီးမှာ လင်းပိုင် သားပေါက်တကောင် သေဆုံးနေတာကို ဒေသခံတွေက သတင်းပေးပို့တဲ့အတွက်  ငါးလုပ်ငန်းဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်း ရှားပါးရေသတ္တဝါများ ထိန်းသိမ်းရေးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ကနေ သွားရောက်စစ်ဆေးခဲ့ တာပါ။  သေဆုံးသွားတဲ့ လင်းပိုင်ဟာ ၁ လသားအရွယ် အမဖြစ်ပြီး ခန္ဓာကိုယ် အလျား ၃ ပေ ၇ လက်မ၊ လုံးပတ် ၂ ပေ ရှိပါတယ်။  ဒေသခံတွေရဲ့ ပြောပြချက်အရ ဇွန် ၂၆ ရက်နေ့  ‌ညနေပိုင်းက ရှော့တိုက် ငါးဖမ်းလှေ ၄ စီး မြစ်အထက်ပိုင်းမှာ တွေ့ရှိခဲ့တဲ့တွက် ဒေသခံ ကင်းလှည့်အဖွဲ့က လိုက်လံဖမ်းဆီးစဉ်မှာ ထွက်ပြေး လွတ်မြောက်သွား​ခဲ့တယ်လို့ သိရပါတယ်။  သေဆုံးသွားတဲ့ လင်းပိုင်ဟာ အပေါ်ယံဒဏ်ရာ အနည်းငယ်ရှိပြီး ပိုက်ငြိတဲ့ ပုံစံမဟုတ်ဘဲ၊ ၁ လသားအရွယ်သာ ရှိသေးတာကြောင့် ဘက္ထရီရှော့နဲ့ ထိတွေ့စဉ်မှာ ရှောင်တိမ်းနိုင်မှုမရှိခြင်း၊ ခံနိုင်ရည်အားနည်းခြင်းတို့ကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။  မေလ ၉ ရက်နေ့ကလည်း မတ္တရာမြို့နယ် အေးကျွန်းရွာအနီးမှာ လင်းပိုင်တကောင် သေဆုံးခဲ့ပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024