မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ လူနာပေါင်း ၂၉၉ ဦးအထိရှိလာ
DVB
·
June 29, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ ၅၈၅ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးဌာနက ဒီနေ့မနက် ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
မနေ့ညကတော့ ဓာတ်ခွဲနမူနာ ၁,၇၆၇ ခုအား စစ်ဆေးခဲ့ရာမှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ တပ်မတော်သား သင်တန်းသား ၃ ဦး မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။
ဇွန်လ ၂၉ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၂၉၉ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၁၈ ဦးနဲ့ ဒီအထဲက ၂၀၆ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။