Home
မြန်မာသတင်း
ယူအေအီးနှင့် ဘာရိန်းတွင်ပိတ်မိနေသည့်  မြန်မာနိုင်ငံသား ၁၄၃ ဦး ရန်ကုန်ပြန်ရောက်  
DVB
·
June 25, 2020
104576396_10158303116807305_4248676521072578103_n
104413893_10158303116972305_2888108836750255336_n
104738308_1496042863929337_6152207336553995451_n
အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဘာရိန်းနိုင်ငံတို့မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၃ ဦးကို ဇွန်လ ၂၅ ရက်က ကယ်ဆယ်ရေးလေယာဉ်နဲ့  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား ၁၄၃ ဦးကို ဒိုဟာအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ ပြန်ရောက်လာသူတွေကို  ကျန်းမာရေးစိစစ်ပြီး သတ်မှတ်နေရာတွေမှာ  (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ဖို့ Quarantine ထားရှိမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေထဲက ၅၀၃၆ ဦးကို အစိုးရက ကယ်ဆယ်ရေးလေယာဉ်တွေ အထူးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024