တီးတိန်မြို့တွင် အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
June 24, 2020
ချင်းပြည်နယ် တီးတိန်မြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇွန် ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၀၃ မိနစ်၊ ၅၆ စက္ကန့်အချိန်မှာ ဟားခါးမြေငလျင်စခန်းက အနောက်မြောက်ဘက် ၃၈ မိုင် ခန့်ကွာဝေးတဲ့ တီးတိန်မြို့ရဲ့ အနောက်တောင်ဘက် ၂၂ မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၃၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။