ပုဂံဒေသမှ ရိုက်ကူးထားသည့် နေကြတ်ခြင်းဖြစ်စဉ်
DVB
·
June 21, 2020
၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ နေကြတ်ခြင်းဖြစ်စဉ်တခု ဖြစ်ခဲ့ပြီး နေကြတ်ချိန်မှာ မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၁၃ မိနစ်အချိန်က စတင်ပြီး မနက်၂ နာရီ ၅၂ စက္ကန့်အချိန်မှာ Greatest or Maximum Eclipse နေအကြတ်ဆုံးဖြစ်ကာ ၃ နာရီ ၂၁ မိနစ်အချိန် နေကြတ်မှု ပြီးဆုံးခဲ့ပါတယ်။
နေကြတ်တဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံ အပါအဝင် အာဖရိက၊ အိန္ဒိယ၊ တရုတ်နဲ့ အာရှနိုင်ငံ တော်တော်များများကနေ မြင်တွေ့ရပါတယ်။
မြန်မာနိုင်ငံဟာ နောက်ထပ် နေကြတ်ခြင်းဖြစ်စဉ်ကို ဆယ်စုနှစ်တစ်ခုနီးပါး ကြာတဲ့အထိ မြင်တွေ့ရဦးမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။
အခုဓာတ်ပုံကိုတော့ ၂၀၂၀ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ နေကြတ်ခြင်းဖြစ်စဉ်တခုကို မြန်မာနိုင်ငံ ပုဂံဒေသ (ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ) ကနေ ဒေသစံတော်ချိန် ၁၂ နာရီ ၅၃ မိနစ်မှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံ ဖြစ်ပါတယ်။
Photo - Ye Myo Khant / MPA