ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းတွင် သစ်ပင်စိုက်ပျိုး
Aung Ko Latt
·
June 19, 2020
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် ၇၅ နှစ်မြောက် မွေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စစ်ကိုင်းတိုင်းက မြို့နယ်တော်တော်များများမှာ အထိမ်းအမှတ် သစ်ပင်စိုက်ပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် မုံရွာမြို့ရှိ ကန်သာယာမှာ ငါးအကောင်ရေ ၂ သိန်းနဲ့ ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်တွေမှာလည်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ဦးဆောင်ပြီး ငါးမျိုးစိုက်ထည့်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ အန်အယ်လ်ဒီ ပါတီဝင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါတဲ့ Mask တွေကို ဖြန့်ဝေခဲ့ပါသေးတယ်။