ပုဏ္ဏားကျွန်းမြို့ရှိ စစ်ဘေးရှောင် ၃၇၀ ကျော် စားဝတ်နေရေး အခက်ကြုံနေ
DVB
·
June 18, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ စက်မှုန်ဇုန်ကွင်းရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ စစ်ဘေးဒုက္ခသည် ၃၇၄ ဦး စားဝတ်နေရေး အခက်အခဲကြုံတွေ့နေပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာနဲ့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာတွေကနေ လာရောက် ခိုလှုံနေသူတွေ ဖြစ်ကြပါတယ်။
စခန်းတာဝန်ခံ မောင်အေးရွှေက “အရင်တုန်းကဆိုရင် ကယ်ဆယ်ရေး အဖွဲ့စည်းတွေ လာလှူတာရှိတယ်။ အခုတော့ မလာတော့ဘူး။ အရင်ကပေးထားတဲ့ လက်ကျန် ဆန်တခုပဲ ကျန်တော့တယ်။ စားရိက္ခာတွေ မဖူလုံတော့ဘူး။ အခုဆို မိုးရာသီဆိုတော့ ထင်းအရေးကြီးဆုံး။ တောထဲကိုလည်း မဝင်ရဘူးဆိုတော့ ပိုဆိုးတာပေါ့” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော်ရှိနေပြီ ဖြစ်ပါတယ်။
Photo - Ingar Aung (khami) / MPA