Home
မြန်မာသတင်း
ရွာသာကြီး Quarantine စခန်းရှိ ကိုရီးယားပြန် ၆၇ ဦး ပိုးမတွေ့သဖြင့် နေရပ်ပြန်မည်
ညီငယ်
·
June 11, 2020
102396795_3196454827081695_5070333252945983945_o
ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်နေကြတဲ့ ကိုရီးယားပြန် ၆၇ ယောက်လုံး နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့လို့ သူတို့နေအိမ်တွေကို ပြန်ကြတော့မှာဖြစ်ကြောင်း ကိုရီးယားပြန်တွေက ဒီဗွီဘီကိုပြောပါတယ်။ သူတို့ဟာ မေလ ၂၂ ရက်နေ့က ကိုရီးယားနိုင်ငံကနေ ပြန်လာပြီးနောက်  ရွာသာကြီး စီးပွားရေးတက္ကသိုလ်မှာ Quarantine ဝင်နေကြတာဖြစ်ပါတယ်။ သူတို့ကို မေလ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၈ ရက်နေ့က တကြိမ်ဓာတ်ခွဲနမူနာယူ စစ်ဆေးရာ နှစ်ကြိမ်လုံး ပိုးမတွေ့ခဲ့ပါဘူး။  သူတို့အနေနဲ့ မနက်ဖြန် ဇွန်လ ၁၂ ရက်နေ့တွေမှာ မြန်မာနိုင်ငံအနှံ့အပြားက သူတို့ နေရပ်အသီးသီးကို ပြန်ကြမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024