ကော့ကရိတ်ရဲစခန်းဝင်ပေါက်အနီး ဗုံးပေါက်ကွဲ၊ လူ ၃ ဦး ဒဏ်ရာရ
DVB
·
June 8, 2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မ ရဲစခန်းရှေ့ ဝင်ပေါက် အနီး မေလ ၈ ရက် ည ၈ နာရီ ၁၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးလောက် ဒဏ်ရာရသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပြီး ပေါက်ကွဲမှုကြောင့် အနီးအနားမှာ ထီရောင်းနေသူတစ်ဦး၊ ဖုန်းဆိုင်က တစ်ဦးနဲ့ ရဲတပ်ဖွဲ့ မိသားစုဝင်တစ်ဦး စုစုပေါင်း ၃ ဦး ဗုံးပေါက်ကွဲလွင့်စင်တဲ့ အစတွေထိမှန်တဲ့အတွက် မစိုးရိမ်ရ ဒဏ်ရာနဲ့ ကော့ကရိတ်ဆေးရုံသို့ ပို့ဆောင်ကုသ ပေးနေပါတယ်။
အဆိုပါ ရဲစခန်းရှေ့လမ်းမကို ယာယီ ပိတ်ထားပြီး ရဲတပ်ဖွဲ့၊ နယ်မြေခံ တပ်မတော် စစ်ဘက်တာဝန်ရှိသူတွေက အနီးပတ်ဝန်းကျင် နယ်မြေ ရှင်းလင်းရေးနဲ့ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတယ်လို့ ကော့ကရိတ်မြို့ခံတွေရဲ့ ပြောစကားအရ သိရပါတယ်။
ဒါ့အပြင် မပေါက်ကွဲသေးတဲ့ ဗုံးတလုံး ထပ်မံ တွေ့ရှိတယ်လို့လည်း ကနဦးသတင်းအရ သိရှိရပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကတော့ မသိရသေးပါဘူး။