Homeမြန်မာသတင်း
ကိုဗစ်-၁၉ လူနာ အမှတ် ၁၃၄ ပိုးကင်းစင်သဖြင့် ဖောင်ကြီးတွင် Quarantine နှစ်ပတ်ဝင်ပြီးနောက် အိမ်ပြန်
ကိုဗစ်-၁၉ လူနာ အမှတ် ၁၃၄ ပိုးကင်းစင်သဖြင့် ဖောင်ကြီးတွင် Quarantine နှစ်ပတ်ဝင်ပြီးနောက် အိမ်ပြန်
ညီငယ်
·
June 8, 2020
Negative နှစ်ခါပြတာကြောင့် ပိုးကင်းစင်သွားတဲ့ Panpacific ဝန်ထမ်း ကိုဗစ်-၁၉ လူနာနံပတ် ၁၃၄ ဟာ ဖောင်ကြီးမှာ Quarantine ၂ ပတ်ဝင်ပြီးတဲ့နောက် ဒီနေ့နေ့လယ်မှာ နေအိမ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။
လူနာနံပတ် ၁၃၄ ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပြီးနောက် တောင်ဥက္ကလာပအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေရာက ၅ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက် ဆေးစစ်ရာမှာ Negative နှစ်ခါပြလို့ ဆေးရုံကဆင်းခွင့်ရပြီး ဖောင်ကြီးမှာ Quarantine ဝင်ခဲ့တာပါ။
Negativeနှစ်ခါပြပြီး ဆေးရုံကဆင်းတဲ့ လူနာတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ Facility Quarantineနှစ်ပတ်၊ Home Quarantine တစ်ပတ်ဆက်နေရမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေအနေနဲ့ Negativeနှစ်ခါပြပါက ရောဂါပိုး ကင်းစင်သူအဖြစ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။